ကိုရိုနာ ဗိုင်းရပ်စ်
တံတားဦးမြို့နယ်၊ စကားအင်းအုပ်စု/ကျေးရွာသို့ ကချင်ပြည်နယ် လွယ်ဂျယ်စစ်ဆေးရေးဂိတ်မှ ပြန်လည်ဝင်ရောက်လာသူ (၃)ဦးအား စကားအင်းကျေးရွာအမကကျောင်းတွင် FQ ထားရှိ

၂၉-၄-၂ဝ၂ဝ ရက်နေ့၊ ဝ၉ဝဝ ရက်ချိန် တံတားဦးမြို့နယ်၊ စကားအင်းအုပ်စု/ကျေးရွာသို့ ကချင်ပြည်နယ် လွယ်ဂျယ်စစ်ဆေးရေးဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် ကျား(၁)၊ မ(၂) ပေါင်း (၃)ဦးအား မန္တလေးမြို့မှ သွားရောက်ခေါ်ဆောင်ခဲ့ပြီး စကားအင်းကျေးရွာအမကကျောင်းတွင် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ပြီး FQ ထားရှိပါသည်။