ကိုရိုနာ ဗိုင်းရပ်စ်
ဖောင်းပြင်မြို့နယ်အုပ်ချုပ်ရေးမှူးသည် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့်အတူ ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ အဆောင်များကို ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ စနစ်တကျ ဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားမှုအား စစ်ဆေး

၂၉-၄-၂၀၂၀ရက်နေ့၊ ၁၀၀၀နာရီအချိန်တွင် ဖောင်းပြင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်သည် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့်အတူ မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ သံဃာဆောင်တွင်ဖွင့်လှစ်ထားသော Isolation ward တွင် Air Con များတပ်ဆင်ထားရှိမှု လိုအပ်သည်များပြင်ဆင်ထားရှိမှုနှင့် ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ အဆောင်များအား ကျန်းမာရေးဆိုင်ရာကိစ္စရပ်များစနစ်တကျ ဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။