
ကိုရိုနာ ဗိုင်းရပ်စ်
ကောလင်းမြို့နယ် စားသောက်ကုန် ၅မျိုး ထောက်ပံ့မှု
ကောလင်း
ဧပြီ ၁၁
ကောလင်းမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူဝင်း၊ ဦးတင်စိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သေး၊ ဌာနဆိုင်ရာများပါဝင်သော ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ အုပ်သက်ဆိုင်ရာ အုပ်စုအုပ်ချုပ်ရေးမှူးတို့နှင့်အတူ မြေနီ၊ တောင်မော်၊ ကျောက်တန်း၊ ညောင်ပင်သာ၊ ပဒုမ္မာ၊ ယွန်းအိုးကျေးရွာအုပ်စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် နိုင်ငံတော်မှအခမဲ့ထောက်ပံ့သည့် အခြေခံစားကုန်(၅)မျိုးဖြစ်သည့်ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်နီတို့အား ထောက်ပံ့ပေးခဲ့ပြီး ကျန်ရှိသည့်အိမ်ထောင်စုများအား ဆက်လက်ဖြန့်ဝေပေးမည်ဖြစ်ပါသည်။