ကိုရိုနာ ဗိုင်းရပ်စ်
ဆားလင်းကြီးမြို့၊ ပခုက္ကူ-မုံရွာကားလမ်းပေါ်တွင် Covid -19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေး

(၂၉-၄-၂၀၂၀)ရက်နေ့ ၀၇၀၀နာရီ အချိန်မှ ၀၉၀၀နာရီအချိန်အထိ ဆားလင်းကြီးမြို့၊ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ပခုက္ကူ-မုံရွာကားလမ်းပေါ် သွားလာနေသောပြည်သူ (၄၀၅)ဦးအားလည်းကောင်း၊ အမှတ်(၂)ရပ်ကွက် မြို့အဝင် ကားလမ်းပေါ် သွားလာနေသောပြည်သူ (၄၄၂ု)ဦးအားလည်းကောင်း၊ အမှတ်(၃)ရပ်ကွက် လေးထပ်ဘုန်းကြီးကျောင်းရှေ့၊ ဆားလင်းကြီး-ပေါင်းဝကားလမ်းပေါ် သွားလာနေသော ပြည်သူ (၄၆၇)ဦးအားလည်းကောင်း Covid -19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။