
ကိုရိုနာ ဗိုင်းရပ်စ်
ရေဖြူမြို့(က)ရပ်ကွက်၊ (ခ)ရပ်ကွက်လမ်းဆုံ၌ ခရီးသွားမိဘပြည်သူများအား Maskများပေးဝေ
၁-၅-၂၀၂၀ရက်နေ့(၀၈၀၀)နာရီအချိန်တွင်(COVID -19)ရောဂါကာကွယ်၊ထိန်းချုပ်၊ရေးအတွက် ရေဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊တိုင်းကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့သည် ရေဖြူမြို့(က)ရပ်ကွက်၊ (ခ)ရပ်ကွက်လမ်းဆုံ၌ ခရီးသွားမိဘပြည်သူများအား Maskများပေးဝေခြင်း၊ ပုဂေါဇွန်း၊ ရလိုင်၊ သစ်တိုထောင့်၊ ပိန်းရှောင်ကျေးရွာများရှိ QCများသို့ Maskနှင့် Hand Gelထောက်ပံ့ခြင်း၊လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။