
ကိုရိုနာ ဗိုင်းရပ်စ်
မြို့သစ်မြို့နယ်အတွင်း ပြည်တော်ပြန် တစ်ဦးလျှင် အဝတ်စmask (၅)ခုနှုန်း အခမဲ့ဖြန့်ဝေနိုင်ရေးအတွက် စေတနာရှင်စက်ချုပ်သူများက ချုပ်လုပ်လျက်ရှိ
မြို့သစ်မြို့နယ်အတွင်း ပြည်တော်ပြန် တစ်ဦးလျှင် အဝတ်စmask (၅)ခုနှုန်း အခမဲ့ဖြန့်ဝေနိုင်ရေးအတွက် အပ်ချုပ်စက်များစုစည်း၍ စေတနာရှင်စက်ချုပ်သူများအား ထွေအုပ် အစည်းအဝေးခန်းမအတွင်း သတ်မှတ်အကွာအဝေးအတိုင်း ချုပ်လုပ်စေပြီး အဝတ်စ Mask ချုပ်လုပ်ဆောင်ရွက်မှုကို မြို့နယ်အုပ်ချုပ်ရေးမှူး၏စီမံမှု၊ အမျိုးသမီးရေးရာအဖွဲ့၏ ကြီးကြပ်မှုတို့ဖြင့် ဆောင်ရွက်လျက်ရှိပြီး တစ်ပတ်အတွင်း ၅၀၀၀ ထုတ်လုပ်ရန် လျာထားဆောင်ရွက်လျက်ရှိပါသည်။