
တနိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ PPEဝတ်စုံ ဝတ်/ချွတ်နည်း သင်တန်းပေး
၁.၅.၂၀၂၀ ရက်နေ့တွင် မနအ(တနိုင်း)အစည်းအဝေးခန်းမ၌ PPEဝတ်စုံ ဝတ်/ချွတ်နည်း သင်တန်းပေးခြင်းအနားပြုလုပ်ခဲ့ရာ covid-19ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံစိတ်ပါဝင်စားသူများပါဝင်ခဲ့၍ အဆိုပါသင်တန်းသို့ တက်ရောက်လာသူများအား maskများ ဝေငှပေးခြင်း၊ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများမှ PPEဝတ်စုံ ဝတ်/ချွတ်နည်း သရုပ်ပြရှင်းလင်းခြင်း၊ တက်ရောက်လာသည့်သူများမှ သိရှိလိုသည်များ မေးမြန်း ဆွေးနွေးခြင်းနှင့် သရုပ်ပြဝတ်ဆင်စေခြင်းများ ပြုလုပ်ခဲ့ပြီး သင်တန်းအား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။