
ကိုရိုနာ ဗိုင်းရပ်စ်
အောင်လံမြို့နယ် ရွာထောင်ရပ်ကွက်ရှိ သီတဂူ ဇောတိကစက္ခုဒါနဆေးရုံ၌ ထပ်မံရောက်ရှိလာမည့် ပြည်ပပြန်များ FQ ထားရှိနိုင်ရေး ပြင်ဆင်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ ဆောက်လုပ်ရေးနှင့်ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးတင်နွယ်ဦး သည် (၂.၅.၂၀၂၀) ၊(၁၂၃၀)နာရီချိန်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သည့် အောင်လံမြို့၊အထက(၁)ရှိ FQ ထားရှိသူများအတွက် ဆန် (၁၀၀)အိတ်နှင့် မနဆေးရုံရှိ ကျန်းမာရေး ဝန်ထမ်းများအတွက် ဆန်(၂၀)အိတ် ပေးအပ်ခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၀င်များနှင့်အတူ (၁၂၄၅)နာရီချိန်တွင် ရွာထောင်ရပ်ကွက်ရှိ သီတဂူ ဇောတိကစက္ခုဒါနဆေးရုံ ၌ ထပ်မံရောက်ရှိလာမည့် ပြည်ပပြန်များ FQ ထားရှိနိုင်ရေး ပြင်ဆင်ထားမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။