
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဍအောင်၊တံတားဦးမြို့နယ် Coronavirus Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးလှဝင်းအောင်နှင့် ကော်မတီဝင်များသည် ၂-၅-၂၀၂၀ ရက်နေ့၀၂၂၅ နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံပေးမှုဖြင့်လားရှိုးမြို့နယ်မှ တံတားဦးမြို့နယ်၊သိန်းနီကန် ကျေးရွာအုပ်စုသို့ ရောက်ရှိလာသော (၁၈)ဦးတို့အား Community Based Facility Quarantine ထားရှိသော စာသင်ကျောင်းသို့သွားရောက် စစ်ဆေးကြည့်ရှုဆောင်ရွက်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်သော ညွှန်ကြားချက်များအားရှင်းလင်းပြောကြား၍ ကြက်ဥများထောက်ပံ့ပေးခြင်း၊ Facility Quarantine လုံခြုံရေးဆောင်ရွက်ပေးသည့် ရာအိမ်မှူး၊ ဆယ်အိမ်မှုများအား ကြက်ဥများထောက်ပံ့ပေးအပ်ခဲ့ပါသည်။