
ကိုရိုနာ ဗိုင်းရပ်စ်
အောင်လံမြို့နယ် တရော်ကုန်း အထက ၁ FQ နှင့် ရွာထောင် အထက ၃ FQ တို့တွင် ထပ်မံရောက်ရှိလာမည့် ပြည်ပပြန်များအား FQ ထားရှိနိုင်ရန် အဆောင်များ သန့်ရှင်းရေးဆောင်ရွက်
၃.၅.၂၀၂၀ ရက်နေ့တွင် အောင်လံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ မြို့နယ်Covid-19ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီး မြို့နယ်ကော်မတီ၀င်များသည် တရော်ကုန်း အထက ၁ FQ နှင့် ရွာထောင် အထက ၃ FQ တို့တွင် ထပ်မံရောက်ရှိလာမည့် ပြည်ပပြန်များအား FQ ထားရှိနိုင်ရန် အဆောင်များ သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ လျှပ်စစ်မီးတပ်ဆင်ခြင်း၊ သုံးရေရရှိရန် ဆောင်ရွက်ခြင်း၊ သန့်စင်ခန်းများ သန့်ရှင်းဆောင်ရွက်ခြင်း လုပ်ငန်းများအား ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။