ကိုရိုနာ ဗိုင်းရပ်စ်
ကန့်ဘလူ-ကျွန်းလှ-ကောလင်းလမ်းမြို့အ၀င်နှင့် ကျွန်းလှဘူတာစသည့်နေရာများ၌ကျန်းမာရေးအခြေအနေစစ်ဆေး

ကျွန်းလှမြို့နယ်စီ/ခန့်ဥက္ကဋ္ဌဦးသက်ထားမောင်၏စီမံမှုဖြင့် မြို့မစခန်းမှူးနှင့်မြို့နယ်ထွေ/အုပ်ဒုဦးစီးမှူးတို့ပါ၀င်သောလှည့်ကင်းအဖွဲ့သည်(၂.၅.၂၀၂၀)ရက်နေ့ည(၂၂၀၀)နာရီအချိန်မှစ၍မြို့အတွင်းလှည့်လည်စစ်ဆေးခြင်း၊ (၃.၅.၂၀၂၀)ရက်နေ့တွင် ကျွန်းလှမြို့နယ်အနေဖြင့် ကန့်ဘလူ-ကျွန်းလှ-ကောလင်းလမ်းမြို့အ၀င်နှင့် ကျွန်းလှဘူတာစသည့်နေရာများ၌ကျန်းမာရေးအခြေအနေစစ်ဆေးခြင်း၊မြို့နယ်စီ/ခန့်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဂိတ်များသို့သွားရောက်စစ်ဆေးခြင်းနှင့်QCများသို့သွားရောက်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။