ကိုရိုနာ ဗိုင်းရပ်စ်

Coronavirus Disease 2019(COVID-19) ကာကွယ်ထိန်းချုပ်ရေးအတွက် စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်ခွင့်ပြုနိုင်ရေးနှင့် လုပ်ငန်းခွင်များတွင် ထားရှိရမည့် အချက်များကို ကြည့်ရှုစစ်ဆေးရန်အတွက် မန္တလေးမြို့သာစက်မှုဥယျာဥ်မြို့တော်တည်ဆောက်ရေးစီမံကိန်း အတွင်းရှိ စက်ရုံအလုပ်ရုံများဖြစ်သည့် Longyear Shoes ဖိနပ်စက်ရုံ ၊ Baoshan တည်ဆောက်ရေးလုပ်ငန်း၊ GOLD AYA ကားတပ်ဆင်စက်ရုံ နှင့် Golf Club တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေး

၃-၅-၂၀၂၀ရက်​နေ့တွင်  Coronavirus Disease 2019(COVID-19) ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်ခွင့်ပြုနိုင်ရေးနှင့် လုပ်ငန်းခွင်များတွင် ထားရှိရမည့် အချက်များကို ကြည့်ရှု့စစ်ဆေးရန်အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ ၊ လူမှူရေးဝန်ကြီး ဦးအောင်ကြည် ၊ တိုင်းအဆင့်ဌာနဆိုင်ရာများဖြစ်သော မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Dr.သန်းသန်းမြင့် ၊ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမင်းအောင်မြင့်စိုး ၊ မန္တလေးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဘုန်းလွင် ၊ မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ရင်ဦး တို့ပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ နံနက် ၉ နာရီအချိန်က မန္တလေးမြို့သာစက်မှုဥယျာဥ်မြို့တော်တည်ဆောက်ရေးစီမံကိန်း အတွင်းရှိ စက်ရုံအလုပ်ရုံများဖြစ်သည့် Longyear Shoes ဖိနပ်စက်ရုံ ၊ Baoshan တည်ဆောက်ရေးလုပ်ငန်း၊ GOLD AYA ကားတပ်ဆင်စက်ရုံ နှင့် Golf Club တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။

အဆိုပါ စက်ရုံအလုပ်ရုံများ လှည့်လည့်ကြည့်ရှုစစ်ဆေးရာတွင် ကုမ္ပဏီ တာဝန်ခံများက လုပ်ငန်းဆောင်ရွက်မှု ၊ အခြေအနေ ၊ အလုပ်သမား အင်အား၊ COVID -19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအပေါ် ဆောင်ရွက်ထားရှိမှုများ ၊ ဝန်ထမ်းများအတွက် စက်ရုံများမှ COVID-19 ကာကွယ်ရေးအတွက် ဆောင်ရွက်ပေးမည့် အစီအစဥ်များကို လိုက်လံရှင်းလင်းပြသခဲ့ကြရာ ဝန်ကြီးနှင့်အဖွဲ့က လိုအပ်သည်များ ဖြည့်စွက်ဆောင်ရွက်သွားရန် မှာကြားခဲ့​ကြပါသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြင်းခြံခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင် ၊ ငါန်းဇွန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းနှင့် မြို့နယ်အဆင့် သက်ဆိုင်ရာဌာနအကြီးအကဲများ၊ မန္တလေးမြို့သာစက်မှုဥယျာဥ်မြို့တော် တည်ဆောက်ရေးစီမံကိန်းမှ တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်ခဲ့ကြ ပါသည်။

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button
Close
Close