ကိုရိုနာ ဗိုင်းရပ်စ်
ပင်လည်ဘူး မြို့နယ် စားသောက်ကုန်၅ မျိုးထောက်ပံ့မှု
၁၁-၄-၂၀၂၀ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်မှအရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအား ဆန်၊ ဆီ၊ ဆား၊ ပဲနှင့်ကြက်သွန်စားသောက်ကုန်ပစ္စည်း ၅ မျိုး ထောက်ပံ့ပေးအပ်ဖြန့်ဖြူးခြင်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းနောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးအရာရှိဦးမျိုးနေတိုးနှင့် မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများမှ မြို့ပေါ်ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စုတို့ကိုအိမ်တိုင်ရာရောက် သွားရောက်ပြီး ထောက်ပံ့ပေးအပ်ခဲ့ပါသည်။