ကိုရိုနာ ဗိုင်းရပ်စ်

အောင်မြေသာစံမြို့နယ် ကြံခင်းရွာအဝင်နှင့်မြို့ပတ်လမ်း လမ်းဆုံတွင် မန္တလေးတိုင်းအတွင်းသို့ လေကြောင်း၊ ကုန်းကြောင်းမှ ဝင်ရောက်လာသည့်ခရီးသည်များ၏ ကိုယ်ရေးအချက်အလက်ကောက်ယူ၍ ကိုယ်အပူချိန်တိုင်းတာ

၅-၅-၂၀၂၀ရက်နေ့၊ အောင်မြေသာစံမြို့နယ် ကြံခင်းရွာအဝင်နှင့်မြို့ပတ်လမ်း လမ်းဆုံတွင် မြို့နယ်ထွေအုပ်မှဒုဦးစီးဦးအောင်ဇော်ဟိန်းပါ(၂)ဦး၊ မြို့နယ်လဝကမှ ဒုလဝကမှူး ဒေါ်မြမဉ္ဇူနွယ်၊ ယာဥ်ထိန်းမှတပ်ကြပ် ညီလွင်ဦးပါ(၂)ဦး၊ ရဲတပ်ဖွဲ့မှဒုရဲအုပ် ထွန်းထွန်းကိုပါ(၆)ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရန်ကင်းပါ(၃) ဦးတို့ပါဝင် သည့်ပူးပေါင်းအဖွဲ့ဖြင့် မန္တလေးတိုင်းအတွင်းသို့ လေကြောင်း၊ ကုန်းကြောင်းမှ ဝင်ရောက်လာသည့်ခရီးသည်များ၏ ကိုယ်ရေးအချက်အလက်ကောက်ယူခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ အ‌ကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေအပြင်ထွက်ပါက mask များတပ်ဆင်ပြီး အိမ်ထောင်ဦးစီးတစ်ဦးတည်းသာ သွားလာကြရန်နှင့် mask တပ်ဆင်ထားမှုမရှိဘဲ အပြင်ထွက်သွားလာပါက ဥပဒေအရအရေးယူခံရမည်ဖြစ်ကြောင်းပြောကြားအသိပေးခြင်းများနှင့် အလှည့်ကျစိစစ်ခြင်းကိုဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

 

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button
Close
Close