အထက-၁ ရမည်းသင်းသို့ရောက်ရှိလာသော တရုတ်နိုင်ငံမှ ပြည်ပပြန်လာသူများအား သတ်မှတ်နေရာများတွင်နေရာချ

၄-၅-၂၀၂၀ရက်နေ့၊ ၁၁၃၈နာရီအချိန်တွင် တရုတ်ပြည်တော်ပြန်အဖွဲ့ များသည် (၁၂)ကြိမ်မြောက်အဖြစ် မော်တော်ယာဉ်(၃)စီးဖြင့် ဒုမနရမှူး ဦးဆောင်သော ရှေ့ပြေးရဲတပ်ဖွဲ့ယာဉ်ဖြင့် အထက-၁ ရမည်းသင်းသို့ရောက်ရှိလာခဲ့ရာ ဒုမနဥ၊
မြို့နယ်ကိုဗစ်ရောဂါထိန်းချုပ်/အရေးပေါ်တုံ့ပြန်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ထွေအုပ်ဝန်ထမ်းများ၊ ခရိုင်လူငယ်ရေးရာ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များတို့မှ လက်ခံကြိုဆိုပြီး လူတစ်ဦးလျှင် (ကျပ်၁၅၀၅၀ိ/-တန်ဖိုးရှိ ဇလုံ၊ ဟင်းချိုပန်းကန်၊ ဇွန်း၊ အခင်း၊နှာခေါင်းစည်း၊ မျက်နှာသုတ်ပုဝါ၊ ဆပ်ပြာခဲ၃ခဲ၊ ဆပ်ပြာမှုန့်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ရေဖလား၁လုံး၊ သောက်ရေခွက်၊ ရေပုံး) များ အသီးသီးပေးအပ်ခဲ့ပြီး
တုတ်၊ ဓါး၊ လက်နက်များ ပါရှိလာပါက အပ်နှံစေကာ လက်ဆေးစေခြင်း၊ပါလာသောပစ္စည်းများကို ဆေးဖျန်းခြင်း၊ အပူချိန်တိုင်းတာခြင်း၊ ကိုယ်ရေးအချက် အလက် များရယူခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် သတ်မှတ်နေရာများတွင်နေရာချထားပေးခဲ့ပါသည်။