
ကိုရိုနာ ဗိုင်းရပ်စ်
ယင်းမာပင်မြို့နယ် စားသောက်ကုန် ၅မျိုး ဖြန့်ဝေမှု
(၁၁.၄..၂၀၂၀)ရက်နေ့ ၀၉ ၀၀ နာရီအချိန်တွင် ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်အတွင်းရှိရပ်ကွက်/ ကျေးရွာအုပ်စုများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအားအခြေခံစားကုန်ပစ္စည်းများ ဝယ်ယူ၊ အခမဲ့ဖြန့်ဝေရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် လွှတ်တော်ကိုယ် စားလှယ်များ၊ မြို့နယ်စီ/ခန့်ဥက္ကဌ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်စားရေးများပါဝင်သောအဖွဲ့များမှ သတ် မှတ်ထားရှိသည့်စုရပ်(၄)ခုဖြစ်သော ယင်းမာပင်မြို့မ၊ ကန်ချောင်အုပ်စု(အောင်ဇေယျမြို့ကွက်သစ်)၊ ညောင်ကိုင်းကျေးရွာ၊ ရင်ပေါင်တိုင်ကျေးရွာတို့မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု(၃၀၀၀)စုအားပစ္စည်း(၅)မျိုးထောက်ပံ့ ပေးအပ်ခဲ့ပါသည်။