မြင်းခြံမြို့နယ်အဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သက်ဆိုင်ရာများအား ကျန်းမာရေးပစ္စည်းများ ထောက်ပံ့

(၆.၅.၂၀၂၀)ရက်နေ့ (၁၀၀၀)နာရီအချိန်တွင် မြင်းခြံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင် သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြည်သူ/အမျိုးသား/တိုင်း(၁)လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီတို့နှင့်အတူ လုပ်ငန်းညှိနိုင်းအစည်းအဝေး ကျင်းပဆောင်ရွက်ခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနအား PPE ဝတ်စုံ(၃၅)စုံ၊ Hand Gel 20 Liter(၁)ပုံး၊ Methylated Spirit 500ml (၁၀၀)ဗူး၊ Galaxy Hexsol Solution 1000ml (၁၀၀)ဗူး၊ Aprons (၁၀၀၀)ခု၊ Procedure Caps (၁၀၀၀)ခုအားလည်းကောင်း ၊ ကုသရေးဦးစီးဌာနအား PPE ဝတ်စုံ(၅)စုံအားလည်းကောင်း၊ မီးသတ်ဦးစီးဌာနသို့ Face Shield (၁၀)ခုအားလည်းကောင်း၊ အဖြူရောင်လက်များ၊ ဧရာဝတီသွေးလှူရှင်အသင်းနှင့် နာရေးကူညီမှုအသင်းတို့အား PPEဝတ်စုံ (၁၀)စုံစီနှင့် Face Shield (၁၀)ခုစီအားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။