ကိုရိုနာ ဗိုင်းရပ်စ်

မန္တလေးတိုင်းအတွင်းသို့ လေကြောင်း၊ ကုန်းကြောင်းမှ ဝင်ရောက်လာသည့်ခရီးသည်များအား ကိုယ်အပူချိန် စစ်​ဆေး

၆-၅-၂၀၂၀ရက်နေ့၊ အောင်မြေသာစံမြို့နယ်၊ ကြံခင်းရွာအဝင်နှင့်မြို့ပတ်လမ်း လမ်းဆုံတွင် မြို့နယ်ထွေအုပ်မှဒုဉီးစီးဉီးအောင်ဇော်ဟိန်းပါ(၂)ဉီး၊ မြို့နယ်လဝကမှ ဒုလဝကမှူး ဒေါ်နန်းနွယ်ခိုင်၊ ယာဉ်ထိန်းမှတပ်ကြပ်ကြီး အုံးကျော်ဇောပါ(၂)ဉီး၊ ရဲတပ်ဖွဲ့မှဒုရဲအုပ် အောင်မင်းသန့်ပါ(၆)ဉီးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရန်ကင်းပါ(၃) ဦးတို့ပါဝင်သည့်ပူးပေါင်းအဖွဲ့ဖြင့် မန္တလေးတိုင်းအတွင်းသို့ လေကြောင်း၊ ကုန်းကြောင်းမှ ဝင်ရောက်လာသည့်ခရီးသည်များ၏ ကိုယ်ရေးအချက်အလက်ကောက်ယူခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ အ‌ကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေအပြင်ထွက်ပါက mask များတပ်ဆင်ပြီး အိမ်ထောင်ဦးစီးတစ်ဦးတည်းသာ သွားလာကြရန်နှင့် mask တပ်ဆင်ထားမှုမရှိဘဲ အပြင်ထွက်သွားလာပါက ဥပဒေအရအရေးယူခံရမည်ဖြစ်ကြောင်းပြောကြားအသိပေးခြင်းများနှင့် အလှည့်ကျစိစစ်ခြင်းကိုဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button
Close
Close