ကိုရိုနာ ဗိုင်းရပ်စ်

ရမည်းသင်းမြို့နယ်သို့ ပြန်လည်ဝင်​ရောက်လာသည့် တရုတ်ပြည်တော်ပြန်အဖွဲ့ များအား သတ်မှတ်​နေရာများတွင် ​နေရာချထား

၇-၅-၂၀၂၀ရက်​နေ့၊ ၂၃၀၀နာရီအချိန်တွင် တရုတ်ပြည်တော်ပြန်အဖွဲ့ များသည် ရမည်းသင်းမြို့နယ်သို့ (၁၅)ကြိမ်မြောက်အဖြစ် မန္တလေး-ရန်ကုန် ၄အစုန်ရထားဖြင့်ရောက်ရှိခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးဦးဆောင်သော ရှေ့ပြေးမီးတန်းလုံခြုံရေးယာဥ်ဖြင့်  အထက၁ရမည်းသင်း​ကျောင်းသို့ ရောက်ရှိလာရာ ဒုမြို့နယ်အုပ်ချုပ်​ရေးမှူးဦးဝင်းနိုင်၊ မြို့နယ်ကိုဗစ်ရောဂါထိန်းချုပ်/အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး၊ မြို့နယ်ဆရာဝန်ကြီးနှင့်ကျန်းမာရေးဝန်ထမ်းများ၊ ထွေအုပ်ဝန်ထမ်းများ၊ ခရိုင်လူငယ်ရေးရာ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များတို့မှ လက်ခံကြိုဆိုကာ လူတစ်ဦးလျှင် (ကျပ်၁၅၀၅၀ိ/-တန်ဖိုးရှိဇလုံ ၊ဟင်းချိုပန်းကန်၊ ဇွန်း၊ သောက်ရေခွက်၊ အခင်း၊ နှာခေါင်းစည်း၊ မျက်နှာသုတ်ပုဝါ၊ ရွှေဝါ၊ကာဘော်လိပ်၊ မွှေးဆပ်ပြာခဲ၃တုံး၊ ဆပ်ပြာမှုန့်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊၊ရေဖလား၁လုံး၊ ရေပုံး၁ပုံး အသီးသီးပေးအပ်ခဲ့ပြီး တုတ်၊ဓါး၊လက်နက်များ ပါရှိလာပါက အပ်နှံစေကာ လက်ဆေးစေခြင်း၊ပါလာသောပစ္စည်းများဆေးဖျန်းခြင်း၊အပူချိန်တိုင်းတာခြင်း၊ ကိုယ်ရေးအချက်အလက်များရယူခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် သတ်မှတ်နေရာများတွင် နေရာချထားပေးလျက်ရှိပါသည်။

 

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button
Close
Close