ကိုရိုနာ ဗိုင်းရပ်စ်

တရုတ်နိုင်ငံမှပြန်လည်ဝင်​ရောက်လာသည့် မြန်မာနိုင်ငံသားအလုပ်သမားများ ညအိပ်ရပ်နားခဲ့သည့် ကွတ်ခိုင်မြို့အထက၂ကျောင်းတွင် ပိုးသတ်​ဆေးဖျန်း

၈-၅-၂၀၂၀​​ရက်​နေ့၊ နံနက်၀၉၀၀နာရီအချိန်တွင် ကွတ်ခိုင်မြို့နယ်အတွင်း covid-19​ရောဂါကြိုတင်ကာကွယ်​ရေးလုပ်ငန်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံမှပြန်လည်ဝင်​ရောက်လာသည့် မြန်မာနိုင်ငံသားအလုပ်သမားများ ညအိပ်ရပ်နားခဲ့သည့် ကွတ်ခိုင်မြို့အထက၂ကျောင်းတွင်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ပိုးသတ်​ဆေးဖျန်းခြင်းအား
ကြီးကြပ်ဆောင်ရွက်ခြင်း၊ နံနက်၁၀၀၀အချိန် ကွတ်ခိုင်မြို့နယ် ရပ်ကွက်/​ကျေး
ရွာ အတွင်းရှိcommuntiy Based Facility Quaranitineတွင် ထားရှိ​သော
ပြည်ပမှဝင်​ရောက်လာသည့်၅၅၀ဦးခန့်အား တစ်ဦးလျှင်ဆန် ၅ပြည်၊ ဆီ၁ပိသာ
ကြက်သွန်နီ ၁ပိသာ၊ ကုလားပဲ၁ပိသာ၊ ဆား၅၀ကျပ်သား၊ ကြက်ဥအလုံး၃၀၊ ဆပ်ပြာခဲ ၁ခဲ၊ mask ၅ခုစီတို့အား covid-19 ​ကော်မတီမှ အဖွဲ့၅ဖွဲ့ခွဲ၍ ​ပေး​ဝေလှူဒါန်းခြင်းကို ကြီးကြပ်​ဆောင်ရွက်ခြင်း၊ မြို့၀င် Ohc တိုးဂိတ်အနီး ယာယီစစ်​ဆေး​ရေးဂိတ်တွင် တရုတ်နိုင်ငံမှပြန်လည်ဝင်​ရောက်လာမည့် မြန်မာနိုင်ငံသားအလုပ်သမားများအား မြို့နယ်covid-19အဖွဲ့နှင့် စာရင်း​ကောက်ယူစစ်​​ဆေး​နေမှုအား ပူး​ပေါင်းဆောင်ရွက်ခဲ့ပါ​သည်။

 

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button
Close
Close