ကိုရိုနာ ဗိုင်းရပ်စ်

တမူးမြို့နယ် Quarantine ​နေရာများတွင် အသုံးပြုရန်လိုအပ်သည့် Handgel ၊ Mask ၊Face Shield၊လက်ဆေးဘေစင်၊ လက်အိတ်၊အိမ်သာခွက်နှင့်အသိပညာပေးပိုစတာ၊ လက်ကမ်းစာစောင်များအားပေးအပ်

(၈-၅-၂၀၂၀)ရက်နေ့တွင် တမူးခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ခရိုင်အဆင့် Coronavirus Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ခရိုင်လူငယ်ရေးရာကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲမှုဥက္ကဌတို့နှင့်အတူ တမူးမြို့ ၊အလက – ခွဲ(ထန်းတပင်)၊ အလက(ပန်းသာ)၊ အလက-ခွဲ(ခွမ်မွန်းနွမ်)နှင့် ခါမ်းပါတ်မြို့ ၊အမက(ဘုက္ကန်)၊အမှတ်(၂)မူလွန်(ကနန်)၊အလက-ခွဲ၊အမှတ်(၁) ရပ်ကွက်၊ ဂျက်စ်မာနီဆုတောင်းဆောင်၊ အမှတ်(၄)ရပ်ကွက်တွင် Quarantine ထားရှိနိုင်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး Quarantine တွင်အသုံးပြုရန်လိုအပ်သည့် Handgel ၊ Mask ၊Face Shield၊လက်ဆေးဘေစင်၊ လက်အိတ်၊အိမ်သာခွက်နှင့်အသိပညာပေးပိုစတာ၊ လက်ကမ်းစာစောင်များအားပေးအပ်လှူဒါန်းခဲ့၊ ဆက်လက်၍ ခါမ်းပါတ်မြို့၊ နန်းကတိတ်စစ်ဆေးရေးဂိတ်တွင်ဌာနဆိုင်ရာဝန်ထမ်းများနှင့်လူမှုရေးအသင်းအဖွဲ့တို့ပူးပေါင်း၍ Coronavirus Disease 2019(COVID-19)ထိန်းချုပ်ကုသရေးအတွက် အပူချိန်တိုင်းတာခြင်း၊ခရီးသွားရာဇဝင်စုံစမ်းမေးမြန်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပါသည်။

 

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button
Close
Close