ကိုရိုနာ ဗိုင်းရပ်စ်

ရမည်းသင်းမြို့နယ်သို့ (၁၆)ကြိမ်အဖြစ်​ရောက်ရှိလာ​သော တရုတ်ပြည်​တော်ပြန်အဖွဲ့အား လူတစ်ဦးလျှင် (ကျပ်၁၅၀၅၀ိ/-တန်ဖိုးရှိဇလုံ၊ဟင်းချိုပန်းကန်း၊ဇွန်း၊သောက်ရေခွက်၊အခင်း၊နှာခေါင်းစည်း၊မျက်နှာသုတ်ပုဝါ၊ရွှေဝါ၊ကာဘော်လိပ်၊ မွှေးဆပ်ပြာခဲ၃တုံး၊ဆပ်ပြာမှုန့်၊သွားတိုက်ဆေး၊သွားတိုက်တံ၊၊ရေဖလား၁လုံး၊ရေပုံး၁ပုံး၊) အသီးသီးပေးအပ်ခဲ့ပြီး တုတ်၊ဓါး၊ လက်နက်များ ပါရှိလာပါက အပ်နှံစေကာ လက်ဆေးစေခြင်း၊ပါလာသောပစ္စည်းများအား ဆေးဖျန်းခြင်း၊ အပူချိန် တိုင်းတာခြင်း၊ကိုယ်ရေးအချက်အလက်များရယူခြင်းများ ဆောင်ရွက်ခဲ့ပြီး နောက်သတ်မှတ်နေရာများတွင်နေရာချထားပေး

၈-၅-၂၀၂၀ရက်​နေ့၊ ၂၁၃၅နာရီအချိန်တွင် တရုတ်ပြည်တော်ပြန်အဖွဲ့ များသည် ရမည်းသင်းမြို့နယ်သို့(၁၆)ကြိမ်မြောက်အဖြစ် မန္တလေး-ရန်ကုန် ၄အစုန်ရထားဖြင့်ရောက်ရှိခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးဦးဆောင်သော ရှေ့ပြေးမီးတန်းလုံခြုံရေးယာဥ်ဖြင့် ထပ်မံဖွင့်လှစ်ထားရှိ​သော  အထက၁ရမည်းသင်း​ကျောင်း တောင်ဘက်အ​ပေါက်သို့ရောက်ရှိလာရာ ဒုမြို့နယ်အုပ်ချုပ်​ရေးမှူးဦးဝင်းနိုင်၊ မြို့နယ်ကိုဗစ်ရောဂါထိန်းချုပ်/အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး ၊မြို့နယ်ဆရာဝန်ကြီးနှင့်ကျန်းမာရေးဝန်ထမ်းများ၊ထွေအုပ်ဝန်ထမ်းများ၊ခရိုင်လူငယ်ရေးရာ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များတို့မှလက်ခံကြိုဆိုကာ လူတစ်ဦးလျှင် (ကျပ်၁၅၀၅၀ိ/-တန်ဖိုးရှိဇလုံ၊ဟင်းချိုပန်းကန်း၊ဇွန်း၊သောက်ရေခွက်၊အခင်း၊နှာခေါင်းစည်း၊မျက်နှာသုတ်ပုဝါ၊ရွှေဝါ၊ကာဘော်လိပ်၊ မွှေးဆပ်ပြာခဲ၃တုံး၊ဆပ်ပြာမှုန့်၊သွားတိုက်ဆေး၊သွားတိုက်တံ၊၊ရေဖလား၁လုံး၊ရေပုံး၁ပုံး၊) အသီးသီးပေးအပ်ခဲ့ပြီး တုတ်၊ဓါး၊ လက်နက်များ ပါရှိလာပါက အပ်နှံစေကာ လက်ဆေးစေခြင်း၊ပါလာသောပစ္စည်းများအား ဆေးဖျန်းခြင်း၊ အပူချိန် တိုင်းတာခြင်း၊ကိုယ်ရေးအချက်အလက်များရယူခြင်းများ ဆောင်ရွက်ခဲ့ပြီး နောက်သတ်မှတ်နေရာများတွင်နေရာချထားပေးလျက်ရှိပါသည်။

 

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button
Close
Close