ငါန်းဇွန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ပိုင်ဈေးတွင် ဈေးရောင်း / ဈေးဝယ်များ အား နန်းမြင့်အထည်ဖြင့် ချုပ်လုပ်ထားသော mask(၇၀၀)ခု အား ဝေငှခြင်း၊ ဈေးဝင်ပေါက် ထွက်ပေါက်များတွင် ထားရှိရန်အတွက် Hand Gel(၆)ဗူးအား ဈေးတာဝန်ခံသို့ပေးအပ််

မန္တလေးတိုင်းဒေသကြီး NLD ပါတီ အတွင်းရေးမှူး ဦးတင်ကိုကိုပါ(၁၅)ဦး၊ မြင်းခြံခရိုင် NLD ပါတီ ဥက္ကဌ ဦးသန်းမြင့်ပါ (၅)ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များမဲဆန္ဒနယ် အမှတ်(၂) ဦးကျော်စိုးနိုင် နှင့် မြို့နယ် NLD ပါတီဝင်များသည် ၉-၅-၂၀၂၀ရက်နေ့၊ ၀၆၄၅ အချိန်တွင် ငါန်းဇွန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ပိုင်ဈေးတွင် ဈေးရောင်း / ဈေးဝယ်များ အား နန်းမြင့်အထည်ဖြင့် ချုပ်လုပ်ထားသော mask(၇၀၀)ခု အား ဝေငှခြင်း၊ ဈေးဝင်ပေါက် ထွက်ပေါက်များတွင် ထားရှိရန်အတွက် Hand Gel(၆)ဗူးအား ဈေးတာဝန်ခံသို့ပေးအပ်ခဲ့ ပါသည်။
ဆက်လက်၍ ၀၈၂၀ အချိန်တွင် မြို့သာကျေးရွာအုပ်စု ၊ မြို့သာကျေးရွာရှိ စည်ပင်သာယာရေးအဖွဲ့ ပိုင်ဈေးတွင် ဈေးရောင်း / ဈေးဝယ်များ အား နန်းမြင့်အထည်ဖြင့် ချုပ်လုပ်ထားသော mask(၅၀၀)ခု အား ဝေငှခြင်း၊ မြို့သာကျေးရွာရှိ COVID-19 ကာကွယ်ထိန်းချုပ်ရေး စစ်ဆေးရေးဂိတ်သို့ နန်းမြင့်အထည်ဖြင့် ချုပ်လုပ်ထားသော mask(၁၀၀)ခု နှင့် Hand Gel(၅)ဗူး ပေးအပ်ခဲ့ပါသည်။