ကိုရိုနာ ဗိုင်းရပ်စ်

ထန်တလန်မြို့နယ်၏ ​လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်း

၉-၅-၂၀၂၀ ရက်​နေ့၊ ၀၆၀၀နာရီအချိန်မှစ၍ ၁၆ဝဝနာရီအချိန်အထိ ထန်တလန်မြို့အဝင်လိုင်ပေါင်းလုံဂိတ်၌ ထန်တလန်မြို့သို့ ဝင်ရောက်လာသော မော်တော်ကား(၂၂)စီး၊ ဆိုင်ကယ်(၃၉)စီးမှ ခရီးသည် (၂၃၄)ဦးအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွားမှတ်တမ်းစစ်ဆေးခြင်းနှင့် မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတို့တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာနမှအသိပညာပေးချက်များ၊ အမိန့်၊ တားမြစ်ချက်များအား သက်ဆိုင်ရာတိုင်းရင်းသားဘာသာစကားများဖြင့် အသိပေးကြေညာခြင်းများအား တစ်နေ့လျှင်(၆)ကြိမ် အသိပေးနှိုးဆော်ခြင်း၊ CBFQများထားရှိသည့် နတလကျောင်းအဆောင်(၂)ဆောင်အား နေ့စဉ်မနက်(၀၇၀၀)နာရီတွင် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

 

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button
Close
Close