ကိုရိုနာ ဗိုင်းရပ်စ်

တရုတ်ပြည်မှ ​မြောင်မြို့နယ်သို့ပြန်လည်ရောက်ရှိလာသည့် အလုပ်သမား(၂၄)ဦးကို  ကိုဗစ်-19ရောဂါထိန်းချုပ်ရေးအတွက် ကျန်းမာ​ရေးနှင့်အားကစား​ဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ​နေထိုင်ရန် မှာကြား

၁၀-၅-၂၀၂၀ရက်​​နေ့၊ (၁၁၀၀)နာရီအချိန်တွင် မြောင်မြို့နယ်ကိုဗစ်-19ရောဂါအရေးပေါ်ထိန်းချုပ်ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်‌​ရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များသည်တရုတ်ပြည်၊ လုံပါးမြို့တွင် ကြံလုပ်ငန်းသွားရောက်လုပ်ကိုင်ကာ ​မြောင်မြို့နယ်သို့ပြန်လည်ရောက်ရှိလာသည့် အလုပ်သမားကျား(၂၃)ဦး၊ မ(၁)ဦး စုစုပေါင်း(၂၄)ဦးကို  ကိုဗစ်-19ရောဂါထိန်းချုပ်ရေးအတွက် Mask(၅၀၄)ခု၊ Wet Tissue(၂၄)ထုတ်၊အရက်ပြန်(၂)ပုလင်းနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် PPE ဝတ်စုံ(3)စုံ
နှင့် ကျန်းမာရေးသုံးပစ္စည်းများပေးအပ်ပြီး ကော်မတီဥက္ကဌမှ သတ်မှတ်ကာလအတွင်း စည်းကမ်းတကျနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှညွန်ကြားချက်များနှင့်အညီ တိကျစွာလိုက်နာနေထိုင်ကြရန် မှာကြားခဲ့ပါသည်။

 

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button
Close
Close