ကိုရိုနာ ဗိုင်းရပ်စ်
ကွတ်ခိုင်မြို့နယ်အတွင်း covid-19ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှု

၁၁-၅-၂၀၂၀ရက်နေ့ညနေ၁၇၀၀နာရီအချိန် ကွတ်ခိုင်မြို့နယ်အတွင်းcovid-19ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းနှင့် ပတ်သက်၍တရုတ်နိုင်ငံမှပြန်လည်ဝင်ရောက်လာသည့်မြန်မာနိုင်ငံသားအလုပ်သမားများ၄၀၀ဦးခန့်အားကွတ်ခိုင်
အထက၂ကျောင်းတွင်ညအိပ်ရပ်နားခဲ့ရာ အဆိုပါ ၄၀၀ဦးခန့်အား
တပ်မတော်စစ်ဆေးမှကျန်းမာရေးစစ်ဆေးပေးခြင်း၊ တေးဂီတများဖြင့်
ဖျော်ဖြေပေးခြင်း၊ မြို့နယ်covid-19ကော်မတီနှင့်မြို့နယ်ကျန်းမာရေး
မိသားစုမှ ထမင်းဘူးနှင့်ရေသန့်များ အခမဲ့ဖြန့်ဝေပေးခြင်း၊မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့မှ မုန့်ထုတ်များအခမဲ့ဖြန့်ဝေပေးခြင်းနှင့်ကိုယ်ရေးရာဇဝင်
ကောက်ယူစစ်ဆေးခြင်းများပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။