ကိုရိုနာ ဗိုင်းရပ်စ်
စဉ့်ကူးမြို့အဝင်လမ်းဆုံနှင့် လက်ပန်လှလမ်းဆုံတို့တွင် Maskတပ်ဆင်လာခြင်းမရှိသူများအား ဝယ်ယူတပ်ဆင်စေရေး ပညာပေး

၁၁-၅-၂၀၂၀ရက်နေ့၊ ၀၉၀၀နာရီ အချိန် စဉ့်ကူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ စဉ့်ကူးမြို့အဝင်လမ်းဆုံနှင့် လက်ပန်လှလမ်းဆုံတို့တွင် Maskတပ်ဆင်လာခြင်းမရှိသူများအား ၉-၅-၂၀၂၀ရက်နေ့မှ၁၅-၅-၂၀၂၀ရက်နေ့အထိပညာပေးကာလအတွင်းMask2ခုလျှင်1000ကျပ်ဖြင့်လည်းကောင်း ၁၅-၅-၂၀၂၀ရက်နေ့နောက်ပိုင်းတွင်Mask2ခုလျှင်5000ကျပ်ဖြင့် လည်းကောင်း ဝယ်ယူတပ်ဆင်စေရေး ကွင်းဆင်းပညာပေး ဆောင်ရွက်ခဲ့ပါသည်။