ကိုရိုနာ ဗိုင်းရပ်စ်
မြိတ်မြို့နယ်အတွင်း Covid-19 ကာကွယ်ရေးအတွက် တိုင်းဒေသကြီး/ပြည်ကျော်များ၊ ငါးမဖမ်းရ ရာသီတွင် ပြန်လည်ဝင်ရောက်လာမည့် ကမ်းဝေးငါးဖမ်းလှေများမှ ရေလုပ်သားများ Quarantine ထားရှိနိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေး

မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်း၊ Covid-19 ကာကွယ်ရေးအတွက် တိုင်းဒေသကြီး/ပြည်ကျော်များ၊ ငါးမဖမ်းရ ရာသီတွင် ပြန်လည်ဝင်ရောက်လာမည့် ကမ်းဝေးငါးဖမ်းလှေများမှ ရေလုပ်သားများ Quarantine ထားရှိနိုင်ရန်အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဥက္ကာမင်း၊ မြိတ်ခရိုင် Covid-19 ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ (မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး)၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး၊ ခရိုင်ပညာရေးမှူး၊ ခရိုင်ငါးလုပ်ငန်းဦးစီးမှူး၊ မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်မှတာရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။