ကိုရိုနာ ဗိုင်းရပ်စ်

ငါန်းဇွန်မြို့မဈေး၌ Coronavirus Disease 2019(COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက််် mask campaign ပြုလုပ်

၁၂-၅-၂၀၂၀ရက်​နေ့၊ ငါန်းဇွန်မြို့မဈေး၌ Coronavirus Disease 2019(COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ၀၉၀၀ နာရီအချိန် တွင် မြင်းခြံခရိုင် လူငယ်ရေးရာကော်မတီအဖွဲ့ အတွင်းရေးမှူး ဦးချစ်မိုးဦးနှင့်အဖွဲ့ဝင်များ၊ ပန်းပျိုးလက် ပရဟိတအသင်း (မြင်းခြံ)မှ မောင်သစ်ထူးအောင်ပါ(၈)ဦး ၊ မြင်းခြံခရိုင် အမျိုးသမီးကော်မတီ အဖွဲ့ဝင် ဒေါ်ခင်သန္တာ၊ we are family (မြင်းခြံ) အတွင်းရေးမှူး မောင်ထူးမြတ်၊ အလင်းသစ်လူငယ်(ငါန်းဇွန်) မှ (၈)ဦး တို့မှ ပူးပေါင်း၍ Surgical mask (၂၅၀)၊ လျှော်ဖွတ် အသုံးပြုနိုင်သော အဝတ် mask(၁၅၀)၊ ငါန်းဇွန်မြို့နယ်မှ Surgical mask (၁၀၀)၊ လျှော်ဖွတ် အသုံးပြုနိုင်သော အဝတ် mask(၁၀၀) စုစုပေါင်း mask (၆၀၀) တို့ကို ဈေးရောင်း ၊ ဈေးဝယ်များအား mask campaign ပြုလုပ် ခဲ့ကြရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေဝင်းမောင် ၊ မြို့နယ်ပြန်/ဆက် ၊ မြို့နယ် စည်ပင် တို့မှ လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ကြပါသည်။

 

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button
Close
Close