
ကိုရိုနာ ဗိုင်းရပ်စ်
အောင်လံမြို့နယ် စားသောက်ကုန်၅မျိုး ထောက်ပံ့မှု
( ၁၁. ၄. ၂၀၂၀) ရက်နေ့ ( ၀၈၀၀) အချိန်မှ စတင်၍ အောင်လံမြို့နယ်အတွင်း ရပ်ကွက် ( ၉) ရပ်ကွက် ၊ ကျေးရွာအုပ်စု (၁၄) အုပ်စု ၊ စုစုပေါင်း ရပ်ကွက် / ကျေးရွာအုပ်စု ( ၂၃)အုပ်စု ရှိ အခြေခံလက်လုပ်လက်စား အိမ်ထောင်စု ၁၁၃၃၁ စု အတွက် ဆန် ၃၇၇၇အိတ်၊ ဆီ ၅၆၆၅.၅ ပိဿာ၊ ဆား ၅၆၆၅.၅ ပိဿာ၊ ကြက်သွန် ၁၁၃၃၁ ပိဿာ၊ ကုလားပဲ ၁၁၃၃၁ ပိဿာအား သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ၊ စာရေးများသို့ ပေးအပ် ဖြန့်ဝေစေခဲ့ပြီး အောင်လံမြို့နယ် မနဥ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ်၊ မနရဲတပ်ဖွဲ့ မှူး၊ လ၀ကဦးစီး၊ စိုက်ပျိုးရေးဦးစီး တို့မှ ထောက်ပံ့ပစ္စည်းများအား အခြေခံအိမ်ထောင်စုများသို့ ဖြန့်ဝေပေးအပ်ခဲ့ပါသည်။