ကွတ်ခိုင်မြို့နယ်အတွင်း covid-19 ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှု

၁၄-၅-၂၀၂၀ရက်နေ့ နံနက် ၀၇၀၀နာရီအချိန်တွင် ကွတ်ခိုင်မြို့နယ်အတွင်း covid-19 ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံမှပြန်လည်ဝင်ရောက်လာသည့်မြန်မာနိုင်ငံသားအလုပ်သမားများ၆၇၀ဦးခန့်အား ကွတ်ခိုင်မြို့နယ်covid-19ကော်မတီ ပူးပေါင်းအဖွဲ့မှ နံနက်စာ ရေသန့်ဘူးဖြန့်ဝေခြင်း၊ထမင်းဘူး(ထမင်း၊ ကြက်ဥကြော်၊အသားတုကြော်၊ မြေပဲဆန်ကြော်၊ ဘာလချောင်ကြော်၊မျှစ်ချဥ်ပေါင်ကြော်)ပါထမင်း၁ဘူးကို ၅၀၀ကျပ်နှုန်းဖြင့် သက်သာသည့် စျေးနှုန်းဖြင့်ရောင်းချပေးခြင်း၊ မြို့နယ်ကျန်းမာရေးနှင့်တပ်မတော်စစ်ဆေးအဖွဲ့မှ
ပိုးသတ်ဆေးဖျန်းခြင်း၊ maskများလှူဒါန်းခြင်း၊ ကျန်းမာရေးစစ်ဆေးပေး
ခြင်း၊ B6 / အားဆေးများ၊ hand gel များဖြန့်ဝေပေးခြင်း၊ မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့မှ လူဦးရေစာရင်းကောက်ယူစစ်ဆေးခြင်းများ ပူးပေါင်းဆောင်ရွက်
ခဲ့ပါသည်။