ကိုရိုနာ ဗိုင်းရပ်စ်
ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးအပ်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား မြိတ်ကွန်ပျူတာတက္ကသိုလ်တွင် ၅၀ ဦးနှင့် နည်းပညာတက္ကသိုလ်တွင် ၆၄ ဦး ခေတ္တနေရာချထား

၁၆.၅.၂၀၂၀ ရက်နေ့ (၁၀၄၅)ချိန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဥက္ကာမင်း၊ ခရိုင် Covid.19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ ဦးအောင်ကျော်ဦးနှင့် ခရိုင်နှင့်မြို့နယ် Covid.19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့တို့သည် ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးအပ်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား မြိတ်ကွန်ပျူတာတက္ကသိုလ်တွင် ၅၀ ဦးနှင့် နည်းပညာတက္ကသိုလ်တွင် ၆၄ ဦး အား ခေတ္တနေရာချထားပေးပြီး ကျန်းမာရေးစစ်ဆေးခြင်း၊ ညစာကျွေးမွေးခြင်းနှင့် အနားယူအိပ်စက်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။