ကိုရိုနာ ဗိုင်းရပ်စ်

ဝန်းသိုမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ထားသည့် COVID-19ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ ရှောင်ရန်၊ ဆောင်ရန်အချက် များနှင့် လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး

၁၆-၅-၂၀၂၀ ရက်နေ့ ၊နံနက် ၀၇၀၀နာရီအချိန်မှစ၍ နံနက် ၀၉၀၀နာရီအချိန်အထိစစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဇော်လင်းဦးနှင့်ဒေါ်ခိုင်ခိုင်ဝင်း၊ COVID-19ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးမြို့နယ်အဆင့်ကော်မတီဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးနေမျိုးထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများက မြို့အဝင်အထွက် ကျန်းမာရေး စစ်ဆေးရေးဂိတ်နေရာများ၊ မြို့ပေါ်လူစည်ကားရာလမ်းဆုံနေရာများ၊ ဂျိုးတောင်စည်ပင်သာယာမြို့မဈေး နှင့် နမ်းခမ်းမြို့မ စည်ပင် သာယာ ဈေး၊နမ်းခမ်း‌ေကျးရွာအထကCBFQတို့တွင် ပြည်သူများအား(Mask)အဝတ်နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခြင်း၊ အသိပညာပေးပိုစတာများစိုက်ထူးခြင်းနှင့် “COVID-19 မပြန့်ပွားဖို့မိမိကစ၍ ကာကွယ်စို့” သတင်းစကားလက်ကမ်းစာစောင်များ၊ “ပါးစပ်နှင့်နှာခေါင်းစည်း (Mask) စနစ်တကျဝတ်ဆင်ခြင်း”၊ “COVID-19 ကြိုတင်ကွယ်ရေးနေ့စဉ်ဘဝမှာ ခပ်ခွာခွာနေထိုင်ပေး” စသည့်ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များကိုဖြန့်ဝေပေးခဲ့ပြီး နေအိမ် ပြင်ပထွက်သူများအနေဖြင့် နှာခေါင်းစည်းတပ်ဆင်ပြီးမှသွားလာကြရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ထားသည့် COVID-19ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ ရှောင်ရန်၊ ဆောင်ရန်အချက် များနှင့် လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးပြောကြားခဲ့ပါသည်။

 

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button
Close
Close