အောင်မြေသာစံမြို့နယ် ၊ ကြံခင်းရွာအဝင်နှင့်မြို့ပတ်လမ်းဆုံ၌ ကုန်စည်ကားများနှင့် ဝင်ရောက်လာသည့်ခရီးသွားပြည်သူများ၏ အချက်အလက်များ ကောက်ယူ

၁၈-၅-၂၀၂၀ရက်နေ့တွင် အောင်မြေသာစံမြို့နယ်၊ ကြံခင်းရွာအဝင်နှင့်မြို့ပတ်လမ်း လမ်းဆုံ၌ ပိတ်ဆို့ မြို့နယ်ထွေအုပ်မှဒုဦးစီးဦးအောင်ဇော်ဟိန်းပါ(၂)ဦး၊ မြို့နယ်လဝကမှ ဒုလဝကမှူး ဒေါ်နန်းနွယ်ခိုင်၊ယာဥ်ထိန်းမှ တပ်ကြပ် မိုးဝင်းအောင်ပါ(၂)ဦး၊ ရဲတပ်ဖွဲ့မှဒုရဲအုပ် တင်ဇော်လင်းပါ(၆)ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရန်ကင်းပါ(၃) ဦးတို့ပါဝင်သည့်ပူးပေါင်းအဖွဲ့ဖြင့် မန္တလေးတိုင်းအတွင်းသို့ လေကြောင်း၊ ကုန်းကြောင်းမှ ဝင်ရောက်လာသည့်ခရီးသည်များ၏ ကိုယ်ရေးအချက်အလက်ကောက်ယူခြင်းနှင့် ကုန်စည်သယ်ဆောင်လာသည့် ကားများစစ်ဆေးခြင်း၊ ယာဉ်ပေါ်ပါခရီးသည်များအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေအပြင်ထွက်ပါက mask များတပ်ဆင်ပြီး အိမ်ထောင်ဦးစီးတစ်ဦးတည်းသာ သွားလာကြရန်နှင့် အလှည့်ကျစိစစ်ခြင်းကိုဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။