တနိုင်းမြို့နယ်တွင် Covid-19ရောဂါကာကွယ်ရန်အတွက် ဆောင်ရွက်ချက်များအား စစ်ဆေး

၂၃.၅.၂၀၂၀ရက်နေ့တွင် မြစ်ကြီးနားခရိုင် covid 19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခေါင်လန်ဒီးနှင့်အဖွဲ့ဝင်များ တနိုင်းသို့ရောက်ရှိလာရာ မြို့နယ် covid 19ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ မနဥ ဦးကျော်လွင်နှင့်အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဌ နှင့် ဌာနဆိုင်ရာများမှ မြို့ဝင်ဂိတ်တွင် ကြိုဆိုကြပြီး ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် မြို့ဝင်ဂိတ်တွင် covid 19ရောဂါကာကွယ်ရန်အတွက် နေ့စဥ်ခရီးသည်များ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အပူချိန်တိုင်းတာခြင်းများအား ဆောင်ရွက်နေသည်ကို ကြည့်ရှုပြီး တာဝန်ကျစစ်ဆေးရေးအဖွဲ့အား အားပေးစကားပြောကြားခြင်း၊ CBFQ ဖွင့်လှစ်ထားသော အထက-၁ကျောင်းတွင် Quarantineဝင်နေသူများအား အားပေးစကားပြောကြားခြင်း၊ CBFQပြောင်းရွှေ့ဖွင့်လှစ်မည့် မနောကွင်းဟူးကောင်းဂင်ဒိုင်ခန်းမအတွင်း ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေတို့အား လိုအပ်ချက်မရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။