
(၁၀-၄-၂၀၂၀) (၀၈၃၀ )အချိန်တွင်
မြို့နယ်စီ/ခန့်ဥက္ကဌဦးခိုင်လင်းနိုင်နှင့်စီခန့်အဖွဲ့၀င်များ
မြို့နယ်ဆရာဝန်ကြီးတို့သည်
ပင်လည်ဘူးမြို့နယ်၊ အုန်းမြေကုန်းကျေးရွာအုပ်စုရှိ
COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်၍
တားဆီးကာကွယ်ကုသနိုင်ရေး အတွက်
Community Based Facility Quarantine Centre
ဖွင့်လှစ်ထားသော တောင်ဘို့လှကျေးရွာရှိ စာသင်ကျောင်းတွင်
စောင့်ကြည့်နေရပ်ပြန်များနှင့်တွေ့ဆုံကာ
အားပေးနစ်သိမ့်ခြင်း၊Covid 19 ဆောင်ရန်/ရှောင်ရန်များကို
အသိပညာပေးခြင်းများဆွေးနွေးပြောကြား
ခဲ့ကြပါကြောင်း ဆက်လက်၍ (၁၀၀၀) အချိန်တွင်
ပင်လည်ဘူးမြို့နယ်အထွေထွေအုပ်ချုပ်
ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးမင်းနောင်၊ အမှတ်(၁)တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ်ဦးသန်းလှိုင်၊
အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်
ကိုယ်စားလှယ်ဦးသန်းလှိုင်၊
မြို့နယ်စီ/ခန့်ဥက္ကဌဦးခိုင်လင်းနိုင်
မြို့နယ်ဆင့်ဌာနဆိုင်ရာများ၊
မြို့နယ်စည်ပင်သာယာရေးကော်မတီ
ဥက္ကဌ၊ မြို့မိမြို့ဖများသည်
မြို့နယ်ရှိဈေးသည်ကုန်သည်များ
နှင့်တွေ့ဆုံ၍ ပင်လည်ဘူးမြို့နယ်၌
ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား
များအတွက် အခြေခံစားသောက်ကုန်
များအား ၀ယ်ယူပြီးဖြန့်ဝေနိုင်ရန်အတွက်
လုပ်ငန်းညှိနှိုင်းအစည်းအဝေး
ပြုလုပ်ခဲ့ပါသည်။