ကိုရိုနာ ဗိုင်းရပ်စ်

တံတားဦး မြို့နယ် စား​သောက်ကုန်၅မျိုး ဖြန့်​ဝေမှု

တံတားဦးမြို့နယ်

၂၀၂၀ပြည့်နှစ် ဧပြီလ ၁၁ ရက်နေ့ ၀၉၀၀ အချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှုးရုံးခန်း၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီဝင်များနှင့်အတူ ဆောင်ရွက်ရမည့် ကော်မတီ လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့၊ ၁၁၀၀ အချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီဝင်များနှင့်အတူ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စားများအား အိမ်ထောင်စုအလိုက် ထောက်ပံ့ရမည့်အခြေခံစားသောက်ကုန် (ဆန်၊ဆီ၊ဆား၊ပဲ၊ကြက်သွန်နီ) (၅)မျိုးအနက် ကြက်သွန်နီနှင့်ဆားတို့အား မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား စုစုပေါင်း အိမ်ထောင်စု (၁၈၆၀၅) သို့ ထောက်ပံ့ ပေးအပ်ခဲ့ပြီး၊ ထောက်ပံ့ရန်ကျန်ရှိသည့် (ဆန်၊ဆီ၊ ပဲ) တို့အား ဆက်လက်ထောက်ပံ့ပေးအပ်သွား
မည်ဖြစ်ပါသည်။

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button