
ကိုရိုနာ ဗိုင်းရပ်စ်
ကလေး မြို့နယ် အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အခြေခံစားကုန်(၅)မျိုး အားဝေငှပေးနိုင်ရေး မြို့တော်ခန်းမအတွင်း ပစ္စည်းရရှိမှု ၊ထုတ်ပိုးမှုအခြေအနေများ ရပ်ကွက်အတွင်းတစ်ဆင့်ခံပြန်လည်ဖြန့်ဝေမည့်နေရာများအဆင်ပြေချောမွေ့မှုရှိစေရေး လိုက်လံစစ်ဆေးဆောင်ရွက်ခြင်း
(၁၀-၄-၂၀၂၀)ရက်နေ့၊ ၁၄၀၀အချိန်တွင် ကလေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းကျော်နိုင်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီး(ခ)ဒေါ်အေးအေးမူတို့သည် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အခြေခံစားကုန်(၅)မျိုး အားဝေငှပေးနိုင်ရေး မြို့တော်ခန်းမအတွင်း ပစ္စည်းရရှိမှု ထုတ်ပိုးမှုအခြေအနေများ ရပ်ကွက်အတွင်းတစ်ဆင့်ခံပြန်လည်ဖြန့်ဝေမည့်နေရာများအဆင်ပြေချောမွေ့မှုရှိစေရေး လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။