Uncategorized

“COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ ထောက်ပံ့ပေးသွားမည်ဖြစ်”

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၅) ရက်နေ့တွင် ရုံးအမှတ် (၄၁)၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ နေပြည်တော်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ရာ၌ အသုံးပြုနိုင်ရန် ရည်ရွယ်၍ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)(၄၀၀,၀၀၀)ခုကို AA Medical Products Ltd. (Pacific-AA Group)မှ လှူဒါန်းသည့် အခမ်းအနားပြုလုပ်ခဲ့ရာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ကိုယ်စား ဒုတိယဝန်ကြီးမှ လက်ခံခဲ့ပြီးနောက် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံံ့ပြန်ရာတွင် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးအပေါ်ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါပါးစပ်နှင့် နှာခေါင်းစည်း (Mask)များအား နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ် ဒေသအသီးသီး၌ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများထံသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ပါသည်။

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button
Close
Close