Uncategorized

နယ်စပ်ဒေသမှ ပြန်လည် ဝင်ရောက်သူများ ထားရှိရန် စီစဉ်ထားသည့် Facility Quarantine နေရာများ တွင် လိုအပ်ချက်များ ချက်ချင်း ဖြည့်ဆည်းပေးနိုင်ရေး အခြားဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန်၊ လိုအပ်ချက်များကို အချိန်နှင့် တစ်ပြေးညီတင်ပြရန်

အများပြည်သူအားလုံးအတွက် ဆောင်ရွက်နေချိန် သတ်မှတ် စည်းကမ်းချက်များ လိုက်နာမှု မရှိသူ များကို အများအကျိုးအတွက် တည်ဆဲဥပဒေ၊နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးဆောင်ရွက်ကြရန်”

“မိမိတို့ ထွေ/အုပ် ဝန်ထမ်းများ အုပ်ချုပ်ရေးလုပ်ငန်းများကို စိတ်ရင်း စေတနာအပြည့်ဖြင့် ဆောင်ရွက် လျက်ရှိကြောင်း တွေ့ရှိရ၍ အထူး ကျေးဇူးတင်ရှိ”

၃၁.၃.၂၀၂၀ ရက်နေ့ (၁၀၀၀)ချိန်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးမင်းသူသည် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေးမှူး များနှင့် Video Conferencing ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေးမှူးများက မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြခဲ့ကြပြီး တင်ပြလာမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးဆုံးဖြတ်ပေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် မိမိတို့တာဝန်ကျရာ ဒေသအသီးသီးတွင် တက်ကြွစွာ ဆောင်ရွက်နေသည်ကို တွေ့ရှိရသဖြင့် အထူးကျေးဇူးတင်ရှိကြောင်းနှင့် ဖြေရှင်း ဆောင်ရွက်ရန်အချက်များကို အချိန်နှင့်တစ်ပြေးညီသတင်းပို့ရန် လိုအပ်ကြောင်း မှာကြား ခဲ့ပါသည်

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button
Close
Close