သတင်းများအခြား/ဌာနဆိုင်ရာ

COVID-19 Vaccination Fund အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ အလှူငွေကျပ် သိန်း(၁၁၀၀) တိတိ လှူဒါန်းမှုအတွက် ပြည်ထောင်စုဝန်ကြီးမှ ကျေးဇူးတင် စကားပြောကြား

COVID-19 Vaccination Fund အတွက် အလှူငွေလှူဒါန်းနိုင်ကြောင်း ကြေညာချက် ထွက်ချိန်ကစပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအနေနဲ့ ပါဝင်လှူဒါန်းနိုင်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
၁၈-၁-၂၀၂၁ ရက်နေ့မှာတော့ ကျပ်သိန်း (၁၁၀၀)တိတိကို ထည့်ဝင်လှူဒါန်းပေးနိုင်ခဲ့ပါတယ်။
မိမိသဘောဆန္ဒအလျောက် ပူးပေါင်းပါဝင်လှူဒါန်းပေးကြတဲ့ ပြည်ထောင်စုဝန်ကြီးရုံး၊ အစိုးရအဖွဲ့ရေးရာဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ အခွန်အယူခံခုံအဖွဲ့ရုံးတို့မှ ဝန်ထမ်းမိသားစုများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။
ပြည်သူတွေအားလုံး COVID-19 ကပ်ရောဂါမှ ကင်းဝေးကြပါစေ။
Original Source: Union Minister’s Facebook Page(Min Thu)
Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button
Close
Close