ကချင်

  • ကိုရိုနာ ဗိုင်းရပ်စ်

    တနိုင်းမြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမ၌ PPEဝတ်စုံ ဝတ်/ချွတ်နည်း သင်တန်း​ပေး

    ၁.၅.၂၀၂၀ ရက်​နေ့တွင် မနအ(တနိုင်း)အစည်းအ​ဝေးခန်းမ၌ PPEဝတ်စုံ ဝတ်/ချွတ်နည်း သင်တန်း​ပေးခြင်းအနားပြုလုပ်ခဲ့ရာ covid-19​ရောဂါထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်​ရေး ​ကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်​ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာ​ရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှု​ရေးအသင်းဖွဲ့များ၊ ကြက်​ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်/​ကျေးအုပ်ချုပ်​ရေးမှူးများနှင့် ​ဒေသခံစိတ်ပါဝင်စားသူများပါဝင်ခဲ့၍ အဆိုပါသင်တန်းသို့ တက်​ရောက်လာသူများအား maskများ ​ဝေငှ​​ပေးခြင်း၊ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာ​ရေးဝန်ထမ်းများမှ PPEဝတ်စုံ ဝတ်/ချွတ်နည်း သရုပ်ပြရှင်းလင်းခြင်း၊ တက်​ရောက်လာသည့်သူများမှ သိရှိလိုသည်များ ​မေးမြန်း ​ဆွေး​နွေးခြင်းနှင့် သရုပ်ပြဝတ်ဆင်​စေခြင်းများ ပြုလုပ်ခဲ့ပြီး သင်တန်းအား ​အောင်မြင်စွာ ပြီး​မြောက်ခဲ့ပါသည်။  

    Read More »
  • ကိုရိုနာ ဗိုင်းရပ်စ်

    ပူတာအိုမြို့နယ်အတွင်းရှိ Community Base Facility Quarantine များတွင် အတွင်းစည်း​ဆောင်ရွက်မည့်လူငယ်များနှင့်အသိပညာ​ပေးကျယ်ကျယ်ပြန့်ပြန့် အပြင်စည်း​ဆောင်ရွက်မည့်လူငယ်Volunteer​ဒေသခံ ၈ဦးအား​တွေ့ဆုံ

    ၂၃-၄-၂၀၂၀ရက်​နေ့၊ နံနက် ၁၁၀၀အချိန် ပူတာအိုမြို့နယ်အုပ်ချုပ်​ရေးမှူးရုံးခန်းမတွင် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ပူတာအိုမြို့နယ်အတွင်းရှိ Community Base Facility Quarantine များတွင် အတွင်းစည်း​ဆောင်ရွက်မည့်လူငယ်များနှင့်အသိပညာ​ပေးကျယ်ကျယ်ပြန့်ပြန့် အပြင်စည်း​ဆောင်ရွက်မည့်လူငယ်Volunteer​ဒေသခံ ၈ဦးအား​တွေ့ဆုံ၍​ လူငယ်များဆောင်ရွက်​ပေးနိုင်မည့်အ​ခြေအ​နေများနှင့်​လက်ရှိဆောင်ရွက်ရမည့်လုပ်ငန်းများကို မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်စင်၊မြို့နယ်ကျန်းမာ​ရေးမှူးဦး​ကျော်မြင့်​အောင် တို့မှ​ဆွေး​နွေး​ပြောကြားမှုပြုခဲ့ပါသည်။  

    Read More »
  • ကိုရိုနာ ဗိုင်းရပ်စ်

    တနိုင်းမြို့နယ်အတွင်းရှိ ပင်စင်စား မိဘပြည်သူများ ပင်စင်ထုတ်ယူရာတွင် အခက်အခဲမရှိ ထုတ်ယူနိုင်​ရေး ​ဆောင်ရွက်

    ၂၁.၄.၂၀၂၀ရက်​နေ့တွင် ၀၉၀၀နာရီအချိန်တွင် covid- 19 ​ရောဂါထိန်းချုပ်ကာလအတွင်း ပင်စင်စားနိုင်ငံဝန်ထမ်းမိဘပြည်သူများ ပင်စင်ထုတ်ယူရာတွင် အခက်အခဲမရှိ ထုတ်ယူနိုင်​ရေးအတွက် တနိုင်းမြို့၊ ဟူး​ကောင်းခန်းမတွင် ​ဆောင်ရွက်​ပေးလျက်ရှိရာ ပင်စင်လာ​ရောက်ထုတ်ယူ​သော မိဘပြည်သူများအား လက်​ဆေးစင်များ ပြုလုပ်​ပေးပြီး လက်​ဆေး​စေခြင်း၊ ကျန်းမာ​ရေး​အတွက် လိုအပ်သော စစ်​ဆေးမှုများ ပြုလုပ်​ပေးခြင်း၊ ကိုယ့်အပူချိန်တိုင်းတာခြင်း၊စနစ်တကျ​နေရာချထား​ပေးခြင်းများ ​ဆောင်ရွက်ပြီး covid -19 ​ရောဂါ ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်​ရေး​ကော်မတီ ဥက္ကဌ မနဥ ဦး​ကျော်လွင်နှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများမှ mask များ ဝေငှ​ပေးခဲ့​ခြင်းများ ပြုလုပ်ခဲ့ပြီး အိမ်ပြန်ရန်အခက်အခဲရှိ​သော ပင်စင်စား သက်ကြီးဘိုးဘွားများအား အိမ်အ​ရောက်ပို့​ဆောင်​ပေးခြင်းများ ​ဆောင်ရွက်ခဲ့ပါသည်။  

    Read More »
  • ကိုရိုနာ ဗိုင်းရပ်စ်

    တနိုင်းမြို့နယ်တွင် covid-19​ရောဂါ ကာကွယ်ထိန်းချုပ်နိုင်​ရေးအတွက် တနိုင်း​ချောင်းသဲ​သောင်ပြင်တွင် ယာယီ​ဈေး ဖွင့်လှစ်

    ၂၁.၄.၂၀၂၀ရက်​နေ့တွင် ၀၈၀၀နာရီအချိန်တွင် covid- 19 ​ရောဂါ ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်​ရေး​ကော်မတီ ဥက္ကဌ မနဥ ဦး​ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ စည်ပင်သာယာ​ရေး​ကော်မတီ ဥက္ကဌ၊ မြို့နယ်စည်ပင်အမှု​ဆောင်အရာရှိ၊ ဌာနဆိုင်ရာများမှ ​စျေး​ရောင်း​စျေးဝယ်သူများ အဆင်​ပြေပြီး ကျန်းမာ​ရေးနှင့်ညီညွတ်စွာ ​ရောင်းချနိုင်​ရေးအတွက် ယာယီ​ဈေးအဖြစ် တနိုင်း​ချောင်း သဲ​သောင်ပြင်တွင် စနစ်တကျစီစဥ်​ဆောင်ရွက်ထားရှိမှုအား အ​လေးထားလိုက်နာ​ဆောင်ရွက်သွား​​စေ​ရေး အသိပညာ​ပေး ​ပြောကြားခဲ့ပါသည်။

    Read More »
  • ကိုရိုနာ ဗိုင်းရပ်စ်

    ဗန်း​မော်မြို့နယ် ရပ်ကွက် /​ကျေးရွာများရှိ တွင်​စောင့်ကြည့်ထားရှိသူများအတွက် စား​ရေး၊ ​သောက်​ရေး၊ ​ရေ၊မီး၊ မိလ္လာကိစ္စရပ်များ အဆင်​ပြေ​စေ​ရေး သွား​ရောက်စစ်​ဆေး

    ဗန်း​မော်မြို့နယ်၊ ရပ်ကွက် /​ကျေးရွာများတွင်​စောင့်ကြည့်ထားရှိသူများအတွက် စား​ရေး၊ ​သောက်​ရေး၊ ​ရေ၊မီး၊ မိလ္လာကိစ္စရပ်များ အဆင်​ပြေ​စေ​ရေး မနဥမှသွား​ရောက်စစ်​ဆေးခဲ့ပြီး လွယ်ဂျယ်နယ်စပ်စစ်​ဆေး​ရေးဂိတ်မှ ထပ်မံဝင်​ရောက်လာသူများအား စစ်​ဆေးလက်ခံ၍ သက်ဆိုင်ရာ ရပ်ကွက်/ ​ကျေးရွာအုပ်စုအုပ်ချုပ်​ရေးမှူးများထံသို့ လွှဲ​ပြောင်း​ဆောင်ရွက်မှု မှတ်တမ်း

    Read More »
  • ကိုရိုနာ ဗိုင်းရပ်စ်

    တနိုင်းမြို့နယ်အတွင်းရှိ ပြည်သူများသို့ covid 19 ​ရောဂါနှင့်ပတ်သက်၍ ပန်ကြားချက်အား အသံချဲ့စက်ဖြင့် လှည့်လည်​ဆော်သြ

    ၁၈.၄.၂၀၂၀ ရက်​နေ့တွင် မြို့နယ်အဆင့် covid 19 ​ရောဂါ ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ် တုံ့ပြန်​ရေး​ကော်မတီ ဥက္ကဌ မနဥ ဦး​ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ ​ဌာနဆိုင်ရာများ၊ထွေ/အုပ်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များဖြင့် တနိုင်းမြို့နယ်အတွင်းရှိ ပြည်သူများသို့ covid 19 ​ရောဂါနှင့်ပတ်သက်၍ ပန်ကြားချက်အား အသံချဲ့စက်ဖြင့် လှည့်လည်​ဆော်သြခြင်း၊ ​စျေး​ရောင်း/​စျေးဝယ်သူများ အားလုံး mask တပ်ဆင်ပြီး ဖွင့်လှစ်​ရောင်း/ဝယ်ရန်နှင့် mask များအား ​ဖြန့်​ဝေ​ပေးခြင်း၊ရပ်ကွက်/​ကျေးရွာ​နေ ပြည်သူများအားလုံး အ​ရေးကြီးအ​ကြောင်းကိစ္စမရှိဘဲ ​နေအိမ်ပြင်ပသို့ ထွက်ခွာမှုမရှိ​စေ​ရေးနှင့် လိုအပ်ချက်အရ ​နေအိမ်ပြင်ပသို့ သွား​ရောက်ရပါက mask တပ်ဆင်ပြီးမှသာ သွား​ရောက်​စေ​ရေး လက်ကမ်းစာ​စောင်များအား တစ်လမ်းဝင် တစ်လမ်းထွက် အသိပညာ​ပေး၍ လိုက်လံဖြန့်​ဝေလျက်ရှိပါသည်။  

    Read More »
  • ကိုရိုနာ ဗိုင်းရပ်စ်

    တနိုင်းမြို့နယ်အတွင်း covid 19 ​ရောဂါနှင့်ပတ်သက်၍ အသိပညာ​ပေး

    ၁၇.၄.၂၀၂၀ ရက်​နေ့တွင် covid 19​ရောဂါ ကာကွယ်၊ထိန်းချုပ် ကုသ​ရေးမြို့နယ်အဆင့်လုပ်ငန်း​ကော်မတီ အဖွဲ့ဝင် ရဲမှူးဝင်းညွှန့် ဦး​ဆောင်​၍ ​ထွေ/အုပ်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များဖြင့် တနိုင်းမြို့နယ်အတွင်းရှိ ပြည်သူများသို့ covid 19 ​ရောဂါနှင့်ပတ်သက်၍ ပန်ကြားချက်အား အသံချဲ့စက်ဖြင့် လှည့်လည်​ဆော်သြခြင်း၊ ​စျေး​ရောင်း/​စျေးဝယ်သူများ အားလုံး mask တပ်ဆင်ပြီး ဖွင့်လှစ်​ရောင်း/ဝယ်ရန်နှင့် ရပ်ကွက်/​ကျေးရွာ​နေ ပြည်သူများအားလုံး အ​ရေးကြီးအ​ကြောင်းကိစ္စမရှိဘဲ ​နေအိမ်ပြင်ပသို့ ထွက်ခွာမှုမရှိ​စေ​ရေးနှင့် လိုအပ်ချက်အရ ​နေအိမ်ပြင်ပသို့ သွား​ရောက်ရပါက mask တပ်ဆင်ပြီးမှသာ သွား​ရောက်​စေ​ရေး လက်ကမ်းစာ​စောင်များအား တစ်လမ်းဝင် တစ်လမ်းထွက် အသိပညာ​ပေး၍ လိုက်လံဖြန့်​ဝေလျက်ရှိပါသည်။  

    Read More »
  • ကိုရိုနာ ဗိုင်းရပ်စ်

    တနိုင်းမြို့နယ်အတွင်း Covid-19 ​ရောဂါ မပြန့်ပွား​စေ​ရေး အသိပညာ​ပေး ​ဆောင်ရွက်

    ၁၆.၄.၂၀၂၀ ရက်​နေ့ ၀၈၀၀ အချိန်တွင် လူဝင်မှုကြီးကြပ်​ရေးနှင့် လူအစွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦး​ဇော်ဝင်းနှင့် မြို့နယ်လုံခြုံ​ရေး၊တရားဥပ​ဒေစိုးမိုး​ရေး၊သွားလာမှုကန့်သတ်ထိန်းချုပ်​ရေးနှင့်တုံပြန်​ရေး​ကော်မတီ ဥက္ကဌ၊ (covid 19)​ရောဂါ ထိန်းချုပ်၊ကာကွယ် ကုသ​ရေး မြို့နယ်လုပ်ငန်းအဆင့် ​ကော်မတီ ဥက္ကဌ(မနဥ) ဦး​ကျော်လွင်နှင့်အဖွဲ့ဝင်များသည် ​တနိုင်း​ချောင်းအတွင်း ​ယာယီဖွင့်ထား​သော ​စျေးတွင် ​စျေး​ရောင်း/​စျေးဝယ်သူများအား covid 19 ​ရောဂါ မပြန့်ပွား​စေ​ရေးအတွက် mask များ ​ဝေငှခြင်း၊ တစ်ဦးနှင့်တစ်ဦး​ ၆ ​ပေ ကွာ၍ ​စျေး​ရောင်းချ​စေရန် အသိပညာ​ပေး ​ဆောင်ရွက်ခြင်း၊ တနိုင်းမြို့​ပေါ်ရှိ ဘုန်း​တော်ကြီး​ကျောင်းများအား Mask , hand gel, ဆန်အိတ်၊ လှူဖွယ်ပစ္စည်းနှင့်ဝတ္တု​ငွေများကပ်လှူခြင်း၊ တနိုင်းမြို့ဝင်/ထွက်ဂိတ်တွင် ခရီးသွားပြည်သူများ ကျန်းမာ​ရေးစစ်​ဆေးမှုများပြုလုပ်​ရန် တာဝန်ကျ​သည့် သမဦးစီးမှူး ဦးရန်းယဥ် ​ခေါင်း​ဆောင်​သော ဌာနဆိုင်ရာစစ်​ဆေး​ရေးအဖွဲ့အား mask, hand gelနှင့် ဦးထုပ်များ ​​ဝေငှ​ပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။  

    Read More »
  • ကိုရိုနာ ဗိုင်းရပ်စ်

    တနိုင်းမြို့နယ်အတွင်းရှိ အ​ခြေခံလူတန်းစားများအား စား​သောက်ကုန် ၅မျိုး ​ထောက်ပံ့

    ၁၄.၄.၂၀၂၀ ရက်​နေ့တွင် နိုင်ငံ​တော်မှ ​ထောက်ပံ့​ပေးအပ်​​သော အ​ခြေခံစား​သောက်ကုန် ၅ မျိုးအား တနိုင်းမြို့နယ်စီ/ခန့်​ကော်မတီ ဥက္ကဌ မနဥ ဦး​ကျော်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်/ကျေးရွာအုပ်စု ပစ္စည်းစု​ဆောင်းမှု၊ သယ်ယူမှုနှင့် ဖြန့်ဖြူး​ရေး ​ကော်မတီအဖွဲ့များဖြင့် ​ကျန်ရှိ​သော မ​ကော​ကျေးရွာအုပ်စု အိမ်​ထောင်စု (၉၇၉)၊ မိုင်းခွန်း​ကျေးရွာအုပ်စု အိမ်​ထောင်စု (၇၁၇)စုနှင့် တရုံ​ကျေးရွာအုပ်စု အိမ်​ထောင်စု (၉၄၅)စု၊ ​ပေါင်း အိမ်​ထောင်စု (၂၆၄၁)စုတို့အား ​ဝေငှပေးခဲ့ပါသည်။

    Read More »
  • ကိုရိုနာ ဗိုင်းရပ်စ်

    ပူတာအိုမြို့ မြို့မဈေး(မနက်ဈေး)၌ ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေးအသံချဲ့စက်ဖြင့်အသိပညာပေးနှိုးဆော်

    ပူတာအို ဧပြီ ၁၃ ကချင်ပြည်နယ်၊ပူတာအိုမြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးနှင့်ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း စဉ်များတွင်ပြည်သူများသိရှိလိုက်နာပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများကို အဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဧပြီ(၁၃)ရက် နံနက်(၆)နာရီခွဲက ပူတာအိုမြို့ မြို့မဈေး(မနက်ဈေး)၌ အသိပညာပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ အဆုတ်ရောင်ရောဂါကို မိမိကစ၍ကာကွယ်ပါ ၊ ရောဂါကူးစက် နိုင်ခြေရှိသည့်နည်းလမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ၊ကာကွယ်ရမည့်နည်းလမ်းများ၊ ကျန်းမာရေးဌာန၏ထုတ်ပြန်ချက်များနှင့်အညီ လူစုလူဝေးမဖြစ်စေရေး၊ တစ်ဦးနှင့်တစ်ဦး သုံးပေအကွာ နေထိုင်ရေး၊ နှာခေါင်းစည်းများတပ်ဆင်ရေး၊လက်ကိုမကြာခဏ စနစ်တကျဆေးကြောရန်၊ ပြည်ပမှပြန်လည်ရောက်ရှိလာသူများရှိပါက ကျန်းမာရေးဌာနသို့သတင်းပို့ပြီး ကျန်းမာရေးစစ်ဆေးမှုများခံယူရန်စသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာသိကောင်း စရာများကို အသံချဲ့စက်ဖြင့် ပြည်သူများသိရှိလိုက်နာစေရန် လိုက်လံနှိုး​ဆော်ခဲ့ပါသည်။

    Read More »
Back to top button