ကချင်
-
ဆွမ်ပရာဘွမ် မြို့နယ်ရှိ အခြေခံလူတန်းစားများ အတွက် စားသောက်ကုန် ၅မျိုး ထောက်ပံ့မှု
ကချင်ပြည်နယ် ၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ၁၂-၄-၂၀၂၀ ရက်နေ့၊ ၁၂၀၀ချိန်မှ ၁၆၀၀ ချိန်ထိ ဆွမ်ပရာဘွမ်မြို့နယ် အထက်ပိုင်းရှိ ကျေးရွာအုပ်စု (၃)အုပ်စု ကျေးရွာ (၅)ရွာမှ ပုံမှန် ဝင်ငွေ မရှိသော အိမ်ထောင်စု (၅၃)စုတို့အား အခြေခံ စားကုန် ၅မျိုးအား ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ဗန်းမော်မြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများအတွက် စားသောက်ကုန် ၅မျိုး ထောက်ပံ့ခြင်းနှင့် COVID-19 ရောဂါနှင့်ပတ်သက်ပြီး အသိပညာပေး ဆောင်ရွက်ခြင်း
၂၀၂၀ ဧပြီ ၁၂ ၀၉၀၀အချိန်မှစ၍ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်အတွင်းရှိရပ်ကွက်၊ကျေးရွာများသို့ ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့ဝင်များ၊မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ ခရိုင်ရဲမှူး၊ မြို့နယ်ရဲမှူး၊ခရိုင်လူမှု၀န်ထမ်းဦးစီးမှူးနှင့်အဖွဲ့ ၊မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ ဦးဆောင်၍ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ထောက်ပံ့ပစ္စည်း(၅)မျိုး ပေးအပ်ခြင်း၊ COVID-19 ရောဂါနှင့်ပတ်သက်ပြီး အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
တနိုင်းမြို့နယ် စားသောက်ကုန် ၅မျိုး ဖြန့်ဝေမှု
၁၂.၄.၂၀၂၀ရက်နေ့ ၀၉၀၀ နာရီအချိန်မှစတင်၍ နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် စားကုန် ၅ မျိုးအား တနိုင်းမြို့ ပုန်ခုန်းရပ်ကွက်တွင် အိမ်ထောင်စု(၄၅၇)စု၊နမ်ဖျက်ယန်ကျေးရွာ အိမ်ထောင်စု(၆၅)စုတို့အား တနိုင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနောင်နဂျာတန်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ မနဥ ဦးကျော်လွင်၊ မြို့နယ် ပစ္စည်းစုဆောင်းမှု၊ သယ်ယူရေးနှင့် ဖြန့်ဖြူးရေးကော်မတီအဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအလိုက် ပစ္စည်းစုဆောင်းမှု၊ သယ်ယူရေးနှင့် ဖြန့်ဖြူးရေးကော်မတီအဖွဲ့များဖြင့်လည်းကောင်း၊ရှင်ဗွေယန်မြို့ အမှတ်(၄)ရပ်ကွက် အိမ်ထောင်စု(၈၆)စုတို့အား မြို့အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အလိုက် ပစ္စည်းစုဆောင်းမှု၊ သယ်ယူရေးနှင့် ဖြန့်ဖြူးရောင်းချရေးကော်မတီဝင်များနှင့် ဌာနဆိုင်ရာများဖြင့်လည်းကောင်း ဝေငှထောက်ပံ့ပေးလျက်ရှိပါသည်။
Read More » -
ဆွမ်ပရာဘွမ်မြို့နယ် စားသောက်ကုန်၅မျိုး ထောက်ပံ့မှု
ဆွမ်ပရာဘွမ်မြို့နယ် ၁၂-၄-၂၀၂၀ ရက်နေ့၊ ၀၈၀၀ချိန်မှ ၁၀၀၀ချိန်ထိ ဆွမ်ပရာဘွမ်မြို့ပေါ် (၃)ရပ်ကွက်ရှိ အိမ်ထောင်စု (၃၉)စု သို့ အခြေခံ ပစ္စည်း ၅မျိုး ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ဗန်းမော်မြို့နယ် စားသောက်ကုန် ၅မျိုး ဖြန့်ဝေမှု
၁၁-၄-၂၀၂၀ ရက်နေ့ နံနက် ၀၇၀၀ နာရီအချိန်မှစ၍ ဗန်းမော်မြို့နယ်၊ သာစည်ရပ်ကွက်ရှိ ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ဗန်းမော်မြို့နယ်အတွင်းရှိ အောက်ပါ ကျေးရွာအုပ်စုများသို့ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားများအတွက် စတင်ဖြန့်ဝေပေးခဲ့ပါသည်- (၁)ခွန်သာရပ်ကွက် (၂) မြို့မရပ်ကွက် (၃) မင်းကုန်းရပ်ကွက် (၄)ညောင်ပင်ရပ်ကွက် (၅) မင်းကျောင်းကုန်းရပ်ကွက် (၆) နောင်ခိုရပ်ကွက် (၇)ရွှေကျီးနားရပ်ကွက် (၈) နမ့်ဖားရပ်ကွက် (၉)ပေါက်ကုန်းရပ်ကွက် (၁၀)ဆင်ကုန်းရပ်ကွက် (၁၁)သီရိရပ်ကွက် (၁၂)ဟန်းတဲရပ်ကွက် (၁၃)ခိုကျင်းကျေးရွာအုပ်စု (၁၄)မံဖာကျေးရွာအုပ်စု (၁၅)ကုန်းခါးကျေးရွာအုပ်စု (၁၆)မံမင်ကျေးရွာအုပ်စု (၁၇)ကျွန်းကြီးကျေးရွာအုပ်စု (၁၈)မိုင်းကာကျေးရွာအုပ်စု (၁၉)ငှက်ပျောတောကျေးရွာအုပ်စု (၂၀)သဖန်းပင်ကျေးရွာအုပ်စု (၂၁)မြစေတီကျေးရွာအုပ်စု (၂၂)ပါပေါင်းကျေးရွာအုပ်စု (၂၃)မံမလင်းကျေးရွာအုပ်စု (၂၄)ကောင်းစင့်ကျေးရွာအုပ်စု
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
မချမ်းဘောမြို့နယ် စားသောက်ကုန် ၅မျိုး ဖြန့်ဝေမှု
မချမ်းဘောမြို့နယ်အတွင်းခရိုင်အုပ်ချုပ်ရေးမှူးနှင့် COVID 19 ကာကွယ်၊ထိန်းချုပ်၊ကုသရေးကော်မတီဝင်များမှအခြေခံစားကုန် ( ၅ ) မျိုးထောက်ပံ့ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ပူတာအိုမြို့ လေယာဥ်ကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူးမှ သွားလာရန်ခက်ခဲသော အိမ်ထောင်စုသို့ကိုယ်တိုင်သွားရောက်ထောက်ပံ့ပေးအပ်မှု
ပူတာအိုမြို့ လေယာဥ်ကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူးမှ သွားလာရန်ခက်ခဲသော အိမ်ထောင်စုသို့ကိုယ်တိုင်သွားရောက်ထောက်ပံ့ပေးအပ်မှု
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ပူတာအိုမြို့ မူလာရှီဒီရပ်ကွက်အုပ်ချုပ်ရေးမှူးမှ သွားလာရန်ခက်ခဲသော အိမ်ထောင်စုသို့ကိုယ်တိုင်သွားရောက်ထောက်ပံ့ပေးအပ်မှု
ပူတာအိုမြို့ မူလာရှီဒီရပ်ကွက်အုပ်ချုပ်ရေးမှူးမှ သွားလာရန်ခက်ခဲသော အိမ်ထောင်စုသို့ကိုယ်တိုင်သွားရောက်ထောက်ပံ့ပေးအပ်မှု
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ဝိုင်းမော်မြို့နယ် စားသောက်ကုန် ၅မျိုး ဖြန့်ဝေမှု
၂၀၂၀ပြည့်နှစ်၊ဧပြီလ (၁၁)ရက်နေ့ ================================ ၂၀၂၀ပြည့်နှစ်၊ ဧပြီလ ၁၁ ရက်နေ့ ၁၀၄၅ချိန်ခန့်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် စားသောက်ကုန် ၅မျိုး ဖြန့်ဝေမှု
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
မိုးကောင်းမြို့နယ်အတွင်း စားသောက်ကုန်၅မျိုးဖြန့်ဝေမှု
၁၁-၄-၂၀၂၀ရက်နေ့ ၀၈၃၀ချိန်ခန့်မှ၁၁၃၀ချိန်ခန့်ထိCoronavirus Disease 2019(COVID-19)ကူးစက်ရောဂါကြောင့်မိုးကောင်းမြို့နယ်အတွင်းရှိပုံမှန်၀င်ငွေမရှိသောအခြေခံလူတန်းစားများအတွက်နိုင်ငံတော်မှအခမဲ့ဝေငှဖြန့်ဖြူးထောက်ပံ့ပေးအပ်သည့်အခြေခံစားသောက်ကုန်ပစ္စည်း(၅)မျိုးအားအိမ်ထောင်စု(၅၀)အောက်စာရင်းတင်ပြထားသည့်ကျေးရွာအုပ်စု(၁၄)အုပ်စုအနက် (၁၀)အုပ်စုတွင်ဖြန့်ဝေပြီးစီးပြီးကျန်ကျေးရွာအုပ်စု(၄)အုပ်စုမှာလည်းယနေ့အပြီးဖြန့်ဝေနိုင်ရေးစီမံဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါပြည်သူများသို့ဖြန့်ဝေပေးနေမှုအခြေအနေများကိုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦး၀င်းနိုင်၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာခင်မကြီး၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံ၊မြို့နယ်ထောက်ပံ့ပစ္စည်းခွဲဝေပေးရေးနှင့်ကြီးကြပ်မှုကော်မတီဥက္ကဌ မနဥ ဦးရန်နိုင်ထွန်းနှင့်ကော်မတီ၀င်များသည်အဖွဲ့(၃)ဖွဲ့ခွဲကာလိုက်လံကွင်းဆင်းကြည့်ရှု့ကြီးကြပ်ခြင်း၊မြို့နယ်ထောက်ပံ့ပစ္စည်းခွဲဝေပေးရေးနှင့်ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး သ/မ ဦးစီးအရာရှိ ဦးမျိုးခိုင် ဦးဆောင်သော၀န်ထမ်းများ၊ဒုမနဥ ဦးဇေယျာစည်သူ ဦးဆောင်သော ထွေအုပ်၀န်ထမ်းများ၊မီးသတ်တပ်ဖွဲ့၀င်များ(သန္ဓေ+အရန်)၊ကြက်ခြေနီတပ်တပ်ဖွဲ့ ၀င်များတို့သည်ထွေအုပ်ရုံး၌၀၈၀၀ချိန်ခန့်မှစတင်ကာမိုး ကောင်းမြို့ပေါ်၅ရပ်ကွက်နှင့်ကျေးရွာအုပ်စု၄အုပ်စုသို့ပစ္စည်းများစနစ်တကျချိန်တွယ်ပြီးဖြန့်ဝေပေးခဲ့ပါသည်။
Read More »