ကရင်
-
ကိုရိုနာ ဗိုင်းရပ်စ်ဧပြီ 23, 2020254
ဖာပွန်မြို့နယ်Facility Quarantine Center ၌ ထားရှိသည့် စောင့်ကြည့်လူနာ ၁၁ ဦးသည် (၂၃-၄-၂၀၂၀) ရက်နေ့တွင် (၂၁)ရက် ပြည့်မြောက်ပြီဖြစ်သဖြင့် လက်မှတ်များ ထုတ်ပေး
(၂၃-၄-၂၀၂၀)ရက်နေ့တွင် ဖာပွန်ခရိုင်၊ဖာပွန်မြို့နယ်၊ ကမမောင်းမြို့ ၊ အမှတ် ၃ ရပ်ကွက်၊ တိုက်နယ်ဆေးရုံ ၀န်ထမ်းအိမ်ရာရှိ Facility Quarantine Center ၌ ထားရှိသည့် စောင့်ကြည့်လူနာ ၁၁ ဦးသည် (၂၃-၄-၂၀၂၀) ရက်နေ့တွင် (၂၁)ရက် ပြည့်မြောက်ပြီဖြစ်သဖြင့် နေရပ်သို့ပြန်မည့်သူများအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးညွန့်ဦး၊ ဖာပွန်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝေလင်း၊ မြို့အုပ်ချုပ်ရေးမှူး၊ ကမမောင်းတိုက်နယ်ဆရာဝန် တို့မှ Quarantine ထားရှိရခြင်းနှင့်ပတ်သက်၍ ချပြရှင်းလင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်မှတ်များ ထုတ်ပေးခြင်း၊ မိမိဒေသသို့ ပြန်လည်ရောက်ရှိပါက ကျန်းမာရေးအသိပညာနှင့်ပတ်သက်၍ ဒေသခံပြည်သူများအား အသိပေးချပြနိုင်ရေး မှာကြားခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်ဧပြီ 21, 2020231
သံတောင်ကြီး မြို့နယ် အတွင်း သွားလာနေကြသူများအား MASK များ ဖြန့်ဝေ
သံတောင်ကြီး မြို့နယ်အဆင့် COVID -19 ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီ၀င်များ ၊ မြို့မိမြို့ဖများ ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် Volunteerများ စုပေါင်း၍ မြို့အတွင်း သွားလာနေကြသူများအားMASK များ ဖြန့်ဝေ တပ်ဆင်ပေးခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်ဧပြီ 17, 2020252
လှိုင်းဘွဲ့မြို့နယ်အတွင်းပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားအိမ်ထောင်စုပေါင်း(၁၄၄၄၀)စုအား သတ်မှတ်ယူနစ်များအတိုင်းထောက်ပံ့
ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ……………………………………… ၁၇.၄.၂၀၂၀ရက်နေ့၊ (၀၇၀၀)နာရီအချိန်တွင် လှိုင်းဘွဲမြို့နယ်၊ ကျေးရွာအုပ်စု (၅)စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စု (၁၀၁၆)စု၊ ပိုင်ကျုံမြို့၊ ကျေးရွာအုပ်စု(၆)စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၁၅၀၆)စု၊ စုစုပေါင်းအိမ်ထောင်စု (၂၅၂၂)စုအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် စားသောက်ကုန်ပစ္စည်းများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ မြို့နယ်အဆင့် Covid-19ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် စောင့်ကြည့်ရေးကော်မတီ ဥက္ကဋ္ဌ မြိုနယ်အုပ်ချပ်ရေးမှူး ဦးမင်းသိန်းနှင့် ကော်မတီဝင် ဌာနဆိုင်ရာများ၊ မြို့အုပ်ချုပ်ရေးမှူးများမှ အိမ်တိုင်ရာရောက်လိုက်လံထောက်ပံ့ပေးခဲ့ပါသည်။ (၁၇. ၄. ၂၀၂၀)ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်အတွင်းပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားအိမ်ထောင်စုပေါင်း(၁၄၄၄၀)စုအား သတ်မှတ်ယူနစ်များအတိုင်းထောက်ပံ့ပြီးဖြစ်ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်ဧပြီ 16, 2020259
လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများအား စားသောက်ကုန် ၅မျိုး ထောက်ပံ့
ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ………………………………………………. ၁၆.၄.၂၀၂၀ရက်နေ့၊ (၀၇၀၀)နာရီအချိန်တွင် လှိုင်းဘွဲမြို့နယ်၊ ကျေးရွာအုပ်စု (၁၁)စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စု (၃၁၁၀)စု၊ ပိုင်ကျုံမြို့၊ ကျေးရွာအုပ်စု(၈)စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၁၀၁၅)စု၊ ရှမ်းရွာသစ်မြို့၊ ကျေးရွာအုပ်စု(၄)စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စု (၄၇၆)စု၊ စုစုပေါင်းအိမ်ထောင်စု (၄၆၀၁)စုအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် စားသောက်ကုန်ပစ္စည်းများကို ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောချစ်ဦး၊ မြို့နယ်အဆင့် Covid-19ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် စောင့်ကြည့်ရေးကော်မတီ ဥက္ကဋ္ဌ မြိုနယ်အုပ်ချပ်ရေးမှူး ဦးမင်းသိန်းနှင့် ကော်မတီဝင် ဌာနဆိုင်ရာများ၊ မြို့အုပ်ချုပ်ရေးမှူးများမှ အိမ်တိုင်ရာရောက်လိုက်လံထောက်ပံ့ပေးခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်ဧပြီ 16, 2020257
မြဝတီမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် စားကုန် ၅မျိုး ထောက်ပံ့
၁၆.၄.၂၀၂၀ ရက်နေ့၊ နံနက် (၀၉:၀၀)နာရီမှ စ၍ မြဝတီမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု တစ်စုလျှင် အခြေခံစားသောက်ကုန်(၅)မျိုးအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဗိုလ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်နှင့် ဦးအိုက်ကျန်ခမ်း၊ ခရအမှူး ဦးတေဇာအောင်၊ မနအမှူး ဦးဖြိုးဇော်ကိုကို နှင့် အခြေခံစားကုန်(၅)မျိုး မြို့နယ်အဆင့်ထောက်ပံ့ရေးအဖွဲ့၊ ရပ်ကျေးအဆင့်ထောက်ပံ့ရေးအဖွဲ့တို့မှ ယနေ့အတွက် (၇)ရက်မြောက်နေ့အဖြစ် ဆန်၊ဆီ၊ဆား၊ကြက်သွန်နီ၊ ပဲမျိုးစုံများအား အိမ်ထောင်စု(၇၈၉၇)ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်ဧပြီ 15, 2020233
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု(၁၁၆၄)စု အတွက် အခြေခံစားကုန် (၅)မျိုးကို အိမ်တိုင်ရာရောက် လိုက်လံဝေငှပေးနေမှုမှတ်တမ်း
၁၅.၄.၂၀၂၀ ရက်နေ့ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု(၁၁၆၄)စု အတွက် အခြေခံစားကုန် (၅)မျိုးကို အိမ်တိုင်ရာရောက် လိုက်လံဝေငှပေးနေမှုမှတ်တမ်း
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်ဧပြီ 15, 2020289
ကော့ကရိတ်မြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများအား စားသောက်ကုန် ထောက်ပံ့
ကော့ကရိတ်မြို့နယ်၊(၁၅-၄-၂၀၂၀) —————————————————— ကေ့ာကရိတ်မြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့သော အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်နီ (၅)မျိုးတို့ကို ယနေ့နံနက် (၀၉:၀၀)အချိန်တွင် အိမ်ထောင်စုများအား အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့သည်။ ထောက်ပံ့ပေးအပ်မှုများကို ကရင်ပြည်နယ်လွတ်တော်ဒုဥက္ကဌ ဒေါ်နန်းသူဇာဝင်း၊ အမျိုးသားလွတ်တော်ကိုယ်စား လှယ် ဦးစောဘီစံသိန်းမြင့်၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သူ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းနုနှင့် COVID-19 ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဝင်များ၊ တာဝန်ရှိသူများ ပူးပေါင်း၍ ကေ့ာကရိတ်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်ရှိ အိမ်ထောင်စု (၂၈၉)စု၊အမှတ်(၇)ရပ်ကွက်ရှိအိမ်ထောင်စု(၅၅၀)စု၊ ရန်ကုတ်ကျေးရွာအုပ်စုရှိ အိမ်ထောင်စု (၂၀၉)စု၊ ရေကျော်ကြီးကျေးရွာအတွင်းရှိ အိမ်ထောင်စု (၂၁၄)စု၊ ကော့နွဲကျေးရွာအုပ်စုရှိ အိမ်ထောင်စု (၇)စုတို့အားလည်းကောင်း၊ ထို့နောက် ကျုံဒိုးမြို့အတွင်းရှိအိမ်ထောင်စုများအတွက် ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်၊ ကျုံဒိုးမြို့အုပ်ချုပ်ရေးမှူး ဦးစောမောင်မောင်မြင့်တို့မှ ဦးဆောင်၍…
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်ဧပြီ 15, 2020242
လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများအား စားသောက်ကုန် ထောက်ပံ့
ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်သတင်း ………………………………………………. ၁၅.၄.၂၀၂၀ရက်နေ့၊ (၀၈၃၀)နာရီအချိန်တွင် လှိုင်းဘွဲမြို့နယ်၊ ကျေးရွာအုပ်စု (၁၈)စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စု (၄၀၃၈)စု၊ ပိုင်ကျုံမြို့၊ ကျေးရွာအုပ်စု(၁၀)စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၉၁၄)စု၊ ရှမ်းရွာသစ်မြို့၊ ကျေးရွာအုပ်စု(၄)စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စု (၇၅၁)စု၊ စုစုပေါင်းအိမ်ထောင်စု (၅၇၀၃)စုအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် စားသောက်ကုန်ပစ္စည်းများကို ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောချစ်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုးမိုးထွေး၊ မြို့နယ်အဆင့် Covid-19ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် စောင့်ကြည့်ရေးကော်မတီ ဥက္ကဋ္ဌ မြိုနယ်အုပ်ချပ်ရေးမှူး ဦးမင်းသိန်းနှင့် ကော်မတီဝင် ဌာနဆိုင်ရာများ၊ မြို့အုပ်ချုပ်ရေးမှူးများမှ အိမ်တိုင်ရာရောက်လိုက်လံထောက်ပံ့ပေးခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်ဧပြီ 14, 2020219
သံတောင်ကြီးမြို့နယ် ဘောလဂိမြို့၌ လက်လုပ်လက်စားများအား အခြေခံစားကုန်များ ထောက်ပံ့ပေးမှု မှတ်တမ်း
သံတောင်ကြီးမြို့နယ်၊ဘောဂလိမြို့၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဘားအံခရိုင်ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေး မှူးများမှ လက်လုပ်လက်စားများအား အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်ဧပြီ 13, 2020304
ဘားအံမြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများအတွက် စားသောက်ကုန် ၅မျိုး ထောက်ပံ့မှု
၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၂ ရက်နေ့ (၀၈၀၀)နာရီအချိန်မှ (၁၂၀၀)အချိန်အထိ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်အတွင်းရှိ အခြေခံလူတန်းစား လက်လုပ်လက်စားများအား အခြေခံစားသောက်ကုန်(၅)မျိုးထောက်ပံ့ပေးနိုင်ရေးအတွက် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်နေ အိမ်ထောင်စု (၃၀၀)နှင့် အမှတ်(၉)ရပ်ရပ်ကွက်ရှိ အိမ်ထောင်စု(၂၃၅)စု ထံသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အမျိုးသားလွှတ်တော်ကိုယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေမှူးများ၊ ကြက်ခြေနီအဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များဖြင့် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Read More »