မကွေး
-
ကိုရိုနာ ဗိုင်းရပ်စ်
အောင်လံမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးသို့ ကုန်စည်သယ်ယူပို့ဆောင်လျက်ရှိသော မော်တော်ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက်များအား မြို့၀င်/ထွက် စစ်ဆေးရေးဂိတ်များတွင် ကျန်းမာရေးစစ်ဆေး
အောင်လံမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးသို့ ကုန်စည်သယ်ယူပို့ဆောင်လျက်ရှိသော မော်တော်ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက်များအား မြို့၀င်/ထွက် စစ်ဆေးရေးဂိတ်များတွင် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီး ကျန်းမာရေးကောင်းမွန်မှသာ ၀င်/ထွက်ခွင့်ပြု၍ လုပ်ငန်းခွင် အပြင်ဘက် အခြားနေရာများသို့သွားရောက်ခွင့်မပြုဘဲ နေရာသတ်မှတ်ထားရှိနိုင်ရေး အတွက် မြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ သည် ပိတောက်ကုန်းကျေားရွာအုပ်စု၊ အမက ပိတောက်ကုန်းသို့ ကွင်းဆင်း ကြည့်ရှု ဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ဂန့်ဂေါမြို့နယ် FQ ထားရှိမည့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(GTI)တွင် ပိုးသတ်ဆေးဖျန်း
ဂန့်ဂေါမြို့နယ် FQ ထားရှိမည့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(GTI)တွင် ခရိုင်/မြို့နယ် မီးသတ်ဦးစီးမှူးနှင့်အဖွဲ့ ၊ဂန့်ဂေါမြို့နယ် နယ်မြေခံအမြှောက်တပ်မှ အရာရှိနှင့်အဖွဲ့များမှ ပိုးသတ်ဆေးဖျန်းခြင်းများ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
အပြင်ထွက်လျှင်နှာခေါင်းစည်း Mask တပ်ဆင်မှုမရှိပါက မင်းလှမြို့နယ်COVID-19ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အရေးယူဆောင်ရွက်မည်ဖြစ်
မင်းလှမြို့နယ် COVID-19ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ယနေ့နံက် ၈ နာရီက မင်းလှမြို့ဘက်စုံလမ်းဆုံ၌ ပြည်သူများ အပြင်သို့အသွားအလာပြုလုပ်ရာတွင်နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိသူများနှင့်မော်တော်ဆိုင်ကယ် မောင်းနှင်ရာတွင် ဆိုင်ကယ်ဦးထုပ်ဆောင်းခြင်းမရှိသူများအား အသိပညာပေး၍သတိ ပေးပြောကြားပြီး နှာခေါင်းစည်းMaskတပ်ဆင်မှုမရှိသူများအား နှာခေါင်းစည်းMaskများ အခမဲ့ဖြန့်ဝေပေးခဲ့ပါသည်။ မင်းလှမြို့နယ်အတွင်းရှိပြည်သူများသို့ အပြင်ထွက်လျှင် Maskတပ်ဆင်ရန်အတွက်အသိပညာပေးဆောင်ရွက်ပြီးဖြစ်ပါသဖြင့်အပြင်ထွက်လျှင်နှာခေါင်းစည်းMask တပ်ဆင်မှုမရှိပါက မင်းလှမြို့နယ်COVID-19ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှအရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ပြည်မြို့နယ်မှ အောင်လံမြို့နယ်သို့ စားသောက်ကုန် ဟင်းသီးဟင်းရွက်များ သယ်ယူပို့ဆောင်နေသော မော်တော်ယာဥ်ပိုင်ရှင်များအား Covid-19 ကြိုတင်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ညွှန်ကြားချက်များအား အသိချပြရှင်းလင်း
အောင်လံမြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသည် အောင်လံမြို့၊ အထက ၂ တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်မှ အောင်လံမြို့နယ်သို့ စားသောက်ကုန် ဟင်းသီးဟင်းရွက်များ သယ်ယူပို့ဆောင်နေသော မော်တော်ယာဥ်ပိုင်ရှင်များအား Covid-19 ကြိုတင်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ညွှန်ကြားချက်များအား အသိချပြရှင်းလင်းခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
မင်းလှမြို့နယ်ရှိ သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်တို့အား COVID -19 ကာလအတွင်း ဆွမ်းဘုန်းများ အဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန်နီတို့ကို လှူဒါန်း
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ရှိ ဓမ္မိကစာသင်တိုက်၊ စာကြောစာသင်တိုက်၊ မလွန်ရေခါးစာသင်တိုက်၊ မြို့ပေါ်ရပ်ကွက်များမှ ဘုန်းတော်ကြီးကျောင်းများ အပါအဝင် ကျောင်း၂၅ ကျောင်းနှင့် သီလရှင်ကျောင်း(၁)ကျောင်း၊ စုစုပေါင်း ၂၆ ကျောင်းရှိ ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်တို့အား COVID -19 ကာလအတွင်း ဆွမ်းဘုန်းများ အဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန်နီတို့ကို မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၏ အစီအစဉ်ဖြင့် လှူဒါန်းခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ဂန့်ဂေါမြို့နယ် ၊ခလရ (၅၀) ဂိတ် နှင့် ပြာပုံတောင် ဂိတ်တို့တွင် ကျန်းမာရေးစစ်ဆေးမှု မှတ်တမ်း
ဂန့်ဂေါခရိုင် ဒုခရိုင်အုပ်ချုပ်ရေးမှူး နှင့် ဂန့်ဂေါမြို့နယ်အုပ်ချုပ်ရေးမှူး တို့သည် စိုင်ဒူးကျေးရွာရှိ GTI စက်မှုလက်မှုသိပ္ပံကျောင်းတွင် CBFQ ထားရှိမည့်နေရာများကို လိုက်လံကြည့်ရှု့စစ်ဆေးပြီး ၊ခလရ (၅၀) ဂိတ် နှင့် ပြာပုံတောင်ဂိတ် ကျန်းမာရေးစစ်ဆေးမှုများအား သွားရောက်စစ်ဆေးခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
အောင်လံမြို့ သီတဂူဇောတိက စက္ခုဒါနဆေးရုံတွင် FQ ၂၁ ရက်ပြည့်ပြီး ကျန်းမာရေး ကောင်းမွန်သည့် နေရပ်ပြန်မည့်သူများအား နေအိမ်တွင် နေထိုင်ရမည့် HQ (၇)ရက်ကို ထုတ်ပြန်ညွှန်ကြားချက်များနှင့်အညီ နေထိုင်ဆောင်ရွက်ရေး၊ ကျန်းမာရေး အသိပေးဆွေးနွေး
အောင်လံမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ ပြန်ရေးကော်မတီဝင်များ ၊ မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ရပ်ကွက်အုပ်/မှူးနှင့်မီးသတ်တပ်ဖွဲ့တို့သည် အောင်လံမြို့ သီတဂူဇောတိက စက္ခုဒါနဆေးရုံတွင် FQ ၂၁ ရက်ပြည့်ပြီး ကျန်းမာရေး ကောင်းမွန် သည့် နေရပ်ပြန်မည့်သူများအား နေအိမ်တွင် နေထိုင်ရမည့် HQ (၇)ရက်ကို ထုတ်ပြန်ညွှန်ကြားချက်များနှင့်အညီ နေထိုင်ဆောင်ရွက်ရေး၊ ကျန်းမာရေး အသိပေးဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်း covid-19 ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
မင်းလှမြို့နယ်တွင် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး အတွက် ယာဥ်မောင်းနှင်ရာတွင် mask တပ်ဆင်ရန် အသိပညာပေး
မင်းလှမြို့နယ်တွင် COVID-19ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မင်းလှမြို့နယ် Coronavirus Disease 2019(COVID-19)ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်စိုးဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းထွန်းဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဝင်းလွင်ဌေးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာပိုင်ခန့်နှင့်ဝန်ထမ်းများ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်နွယ်နွယ်အေးနှင့်ဝန်ထမ်းများ၊ မြိုနယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဉီးစီးမှူး ဦးဝေဖြိုးအောင်နှင့်တပ်ဖွဲ့ဝင်များ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာငြိမ်း တို့ပူးပေါင်းအဖွဲ့မှ ပြည်သူ အနေဖြင့်မဖြစ်မနေ အပြင်အသွားအလာပြုလုပ်ပါက နှာခေါင်းစည်း(Mask)တပ်ဆင်ရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာကြရန်၊ မော်တော်ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မောင်းနှင်ကြရန် အသိပညာပေးပြောကြားခဲ့ပြီး နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ ပေးခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
မြို့သစ်မြို့နယ်အတွင်းရှိ အဓိကလမ်းမကြီးများ၊ လမ်းသွယ်များအား ပိုးသတ်ဆေးပက်ဖျန်း
မြို့သစ်မြို့နယ်အတွင်း Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အုပ်ချုပ်ရေးမှူးကြီးကြပ်မှုဖြင့် မြို့အတွင်းရှိ အဓိကလမ်းမကြီးများ၊ လမ်းသွယ်များအား ပိုးသတ်ဆေးပက်ဖျန်းခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
မင်းလှမြို့နယ် Quarantine ထားရှိသည့်နေရာများတွင် ပိုးသတ်ဆေးဖျန်း
မင်းလှမြို့နယ်တွင် မတ်လပိုင်း ၂၇ ရက်နေ့မှစတင်ကာFacility Quarantine နေရာပေါင်း ၉၉ခုတွင် နေရပ်ပြန်လူဦးရေရ၆၁ ဦးဖြင့် စတင်စောင့်ကြည့်ခဲ့ကြပြီး အသစ်ရောက်သူများနှင့် သတ်မှတ်ရက်စေ့၍ ပြန်သွားကြသူများ ရှိသည့်အနက် လက်ရှိတွင် စောင့်ကြည့်လူဦးရေ ၆၃ဦးသာကျန်ရှိတော့ကြောင်း၊ စောင့်ကြည့်ရမည့်သူများ မရှိစဉ် ရပ်နားထားရသည့်Quarantine ထားရှိသည့်နေရာများတွင် ပိုးသတ်ဆေးဖျန်းခြင်းနှင့် ကျန်းမာရေးအတွက်သန့်ရှင်းရေးများပြုလုပ်သွားမည်ဖြစ်ပါသည်။
Read More »