မကွေး
-
ကိုရိုနာ ဗိုင်းရပ်စ်
အောင်လံမြို့နယ်အတွင်း Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဥ်များအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ
အောင်လံမြို့နယ်အတွင်း Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဥ်များအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကောင်မတီဝင်များနှင့် မြို့နယ်ယာဥ်ထိန်းရဲတပ်ဖွဲ့စိတ်တို့မှ မိုးကောင်း-ရွှေညောင်ပင် တိုးဂိတ်နှင့် ရွာထောင်ရပ်ကွက် တာဂွ မြို့အ၀င်ဂိတ်များတွင် မြို့နယ်အတွင်းသို့ အခြားတိုင်းဒေသကြီးများမှ ဝင်ရောက်လာသော မော်တော်ယာဥ်များပေါ်ရှိ ခရီးသွားပြည်သူများအား အပူချိန်တိုင်းတာစက်ဖြင့် စစ်ဆေးခြင်း၊ mask များ စနစ်တကျ အသုံးပြုရန် ကျန်းမာရေးအသိပညာပေးဆောင်ရွက်ခြင်း၊ mask မတပ်ထားသူများအား အသိပညာပေးဆွေးနွေး၍ mask ပေးဝေခြင်း၊ မြို့ဝင်ဂိတ်များတွင် လက်ဆေးဘေစင်များ အသုံးပြုနိုင်ရန် စီမံပေးခြင်း စသည်တို့အား နေ့/ည စိစစ်ဆောင်ရွက်လျက်ရှိပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ရေနံချောင်းမြို့နယ် စည်ပင်သာယာနယ်နိမိတ်အတွင်း စားသောက်ကုန်နှင့်ဆေးဝါးပစ္စည်းထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းများမှအပ ကျန်ဈေးဆိုင်များအားလုံးနှင့် Mobile စနစ်ဖြင့်ရောင်းချသောဆိုင်များ ယာယီ ပိတ်သိမ်းမှုရှိ/ မရှိ စစ်ဆေး
(၂၃.၄.၂၀၂၀)ရက်နေ့ရေနံချောင်းမြို့နယ်တွင် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက်COVID-19 လုပ်ငန်းကြီးကြပ်မှုကော်မတီ/ မြို့နယ်ရဲတပ်ဖွဲ့/စည်ပင်သာယာရေးအဖွဲ့တို့မှ မြို့နယ်စည်ပင်သာယာနယ်နိမိတ်အတွင်း စားသောက်ကုန်နှင့်ဆေးဝါးပစ္စည်းထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းများမှအပကျန်ဈေးဆိုင်များအားလုံးနှင့် Mobile စနစ်ဖြင့်ရောင်းချသောဆိုင်များ ကွမ်းယာဆိုင်များ ယာယီပိတ်သိမ်းမှုရှိ/မရှိ စစ်ဆေးလျက်ရှိပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ပေါက်မြို့အားကစားကွင်း ယာယီပျံကျစျေး၌ စျေးရောင်း၊ စျေးဝယ်များအား အဝင်တွင်လက်ဆေးစေခြင်း ၊ Mask တပ်မလာသူများအား တပ်ဆင်ပေးခြင်း၊ အပူချိန်တိုင်းခြင်းများအား အဖွဲ့ဖြင့် စနစ်တကျ ဆောင်ရွက်
ပေါက်မြို့အားကစားကွင်း ယာယီပျံကျစျေး၌ စျေးရောင်း၊ စျေးဝယ်များအား အဝင်တွင်လက်ဆေးစေခြင်း ၊ Mask တပ်မလာသူများအား တပ်ဆင်ပေးခြင်း၊ အပူချိန်တိုင်းခြင်းများအား အဖွဲ့ဖြင့် စနစ်တကျ ဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
နတ်မောက်မြို့နယ်၊ ယာယီစျေးနေရာများတွင် မီးသတ်ယာဥ်ဖြင့် ကလိုရင်းပိုးသတ် ဆေးဖျန်း
၂၁-၄-၂၀၂၀ ရက်နေ့ ၀၆၀၀ အချိန် ရွာမွန် ပပနတပ်နှင့် နတ်မောက်မြို့နယ်ထွေအုပ်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊စိတ်ဓာတ်ဖြူစင် ဂရုဏာရှင် လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ အထက(၂)FQ၊ ဆေးရုံ၊ စီးပွားဘဏ်၊ ကမ္ဘောဇဘဏ်၊ ဒီပင်္ကရာစာသင်တိုက်၊ ယာယီစျေးနေရာများတွင် ကလိုရင်းပိုးသတ်ဆေးရည်အား မီးသတ်ယာဥ်ဖြင့် ဖျန်းပက်ခြင်းလုပ်ငန်းဆောင်ရွက်ပြီး တြိဂံလမ်းဆုံနေရာတွင် အပြင်ထွက်ပါက Mask တပ်ဆင်ပြီးမှ သွားလာရေး အသံချဲ့စက်ဖြင့် အသိပေးကြေညာ၍ ကိုယ်အပူချိန်တိုင်းတာခြင်း၊ Mask တပ်ဆင်လာခြင်း မရှိသူများအား အခမဲ့ တပ်ဆင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
မြို့သစ်မြို့နယ်အတွင်း မြို့အ၀င်၊အထွက် နေရာများတွင် ပူးပေါင်းအဖွဲ့တို့ဖြင့် နေ့စဥ် စောင့်ကြပ်ကြည့်ရှု့ စစ်ဆေး
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်း မြို့အ၀င်၊အထွက် နေရာများတွင် ပူးပေါင်းအဖွဲ့တို့ဖြင့် နေ့စဥ် စောင့်ကြပ်ကြည့်ရှု့ စစ်ဆေးမှု မှတ်တမ်း
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ကန့်ဘလူ-ကျွန်းလှ-ကောလင်းလမ်း မြို့အ၀င်နှင့် ကျွန်းလှဘူတာ၌ ကျန်းမာရေး အခြေအနေ စစ်ဆေး
(၂၁.၄.၂၀၂၀)ရက်နေ့တွင်ကျွန်းလှမြို့နယ်အနေဖြင့်ကန့်ဘလူ-ကျွန်းလှ-ကောလင်းလမ်းမြို့အ၀င်နှင့် ကျွန်းလှဘူတာ၌ ကျန်းမာရေးအခြေအနေစစ်ဆေးဆောင်ရွက်ခြင်း၊မြို့နယ်စီ/ခန့်ဥက္ကဌဦးသက်ထားမောင်၊မြို့နယ်ရဲတပ်ဖွဲ့မှူးပါ၀င်သောလှည့်ကင်းအဖွဲ့သည်(၂၀.၄.၂၀၂၀)ရက်နေ့ ည(၂၂၀၀)နာရီအချိန်မှစ၍ မြို့အတွင်းလှည့်လည်စစ်ဆေးခြင်း၊ (၂၁.၄.၂၀၂၀)ရက်နေ့တွင်မြို့အဝင်ဂိတ်နေရာအားသွားရောက်ကြည့်ရှုခြင်း၊တရုတ်ပြည်မှပြန်လာသောပုဂ္ဂိုလ်များအား ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့ ဆိမ်ကမ်းအထိသွားရောက်ခေါ်ဆောင်ခြင်း၊ ကျွန်းလှမြို့သို့ပြန်လည်ရောက်ရှိချိန်တွင် ကျွန်းလှမြို့ အထက(ကျွန်းလှ)ကျောင်းတွင်ကျန်းမာရေးအခြေအနေစစ်ဆေးပေးခြင်း၊ ကျေးရွာများသို့စနစ်တကျပြန်လည်ရောက်ရှိစေရေးစီမံဆောင်ရွက်ပေးခြင်း၊ ကျေးရွာသို့ပြန်လည်ရောက်ရှိပါက(CBFQ)နေရာတွင်ထားရှိဆောင်ရွက်ရန် ကျေးအုပ်ချုပ်ရေးများအား လမ်းညွှန်မှာကြားခြင်း ၊ ဌာနဆိုင်ရာရုံးများတွင် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ဂန့်ဂေါမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများတွင် ပိုးသတ်ဆေးဖျန်း
ဂန့်ဂေါမြို့နယ် ပရဟိတ အဖွဲ့များနှင့် ဂန့်ဂေါခရိုင်မြို့နယ်မီးသတ်တပ်ဖွဲ့များ ၊ အလှူရှင်များစုပေါင်း၍ ဂန့်ဂေါမြို့နယ်အတွင်းရှိ ခရိုင်မြို့နယ်ဆောက်လုပ်ရေး၊ မြန်မာ့ဆက်သွယ်ရေးနှင့်စာတိုက်ရုံး ၊ အမက မြို့မ ကျောင်း ၊ ခရိုင်လှုမှု့ဝန်ထမ်းဦးစီးဌာန ၊ ခရိုင်မြို့နယ် လယ်စီအင်း ၊ ခရိုင်ဘေးစီမံ ၊ ခရိုင်မြို့နယ်လျှပ်စစ် ၊ ခရိုင်မြို့နယ် စိုက်ပျိုးရေး ၊ မြို့နယ်ပညာရေးမှူးရုံး တို့၌ ခရိုင်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ ၊ ခလရ (၅၀)မှ ဌာနချုပ် တပ်ခွဲမှူးဦးစီးတပ်မတော်သားများ ၊ ပရဟိတ အဖွဲ့များမှ ပိုးသတ်ဆေးဖျန်းပေးကြရာ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ ခရိုင်မီးသတ်ဦးစီးမှူး နှင့်အဖွဲ့ ၊ မြစ်သာရေလောင်တမံ တာဝန်ခံ ၊ အဖွဲ့များ မှ လိုက်ပါကြီးကြပ်ပြီး လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
နတ်မောက်မြို့၊ ဗိုလ်တေဇ အားကစားကွင်း၌ ယာယီဈေး ဖွင့်လှစ်
၂၁-၄-၂၀၂၀ ရက်နေ့ ၀၅၀၀ အချိန်တွင် နတ်မောက်မြို့၊ ဗိုလ်တေဇ အားကစားကွင်း၌ စားသောက်ကုန် ပျံကျစျေးသည်များအတွက် ၆ ပေခြား အကွက်ရိုက်ပြီး စျေးသည်များအား Mask နှင့် လက်အိတ်များကိုလည်းကောင်း၊ စျေးဝယ်များအား Mask များကိုလည်းကောင်း တပ်ဆင်စေ၍ လက်ဆေးစေကာ ကိုယ်အပူချိန်တိုင်းပြီး ယာယီစျေးဖွင့်လှစ် စနစ်တကျ ရောင်းချလျက် ရှိပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
အောင်လံမြို့နယ်၌ အပြင်ထွက်လျှင် mask တပ်ဆင်သွားလာရန်အတွက် အသိပညာပေး
အောင်လံမြို့ ၊ တရော်ကုန်းရပ်ကွက်၊ အထက ၁ ရှေ့ ပြည်လမ်းပေါ်၌ မနဥ၊ မနရဲတပ်ဖွဲ့မှူး၊ မနလဝကဦးစီး၊ မနမီးသတ်ဦးစီး၊ ရပ်ကျေးအုပ်မှူးတို့မှ မြို့တွင်း သွားလာကြသူများ၊ မော်တော်ကား၊ ဆိုင်ကယ် စီးနင်းကြသူများအား Mask တပ်ဆင် သွားလာရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကြေညာချက်များအားလိုက်နာရေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူများသို့ ပန်ကြားချက်များအား သိရှိနားလည်လိုက်နာစေရေး အသိပညာပေး ရှင်းလင်းခဲ့ပြီး Mask မတပ်သူများအား Mask များပေးဝေခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
သရက်မြို့ဗိုလ်ချုပ်အားကစားကွင်းအတွင်း ယာယီစျေး ဖွင့်လှစ်
၂၀.၄.၂၀၂၀ ရက်နေ့ သရက်မြို့နယ် covid- 19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် သရက်မြို့ဗိုလ်ချုပ်အားကစားကွင်းအတွင်း ယာယီစျေး ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ပါသည်။
Read More »