မကွေး
-
ကိုရိုနာ ဗိုင်းရပ်စ်
မင်းလှမြို့တွင် မြို့ဝင်/မြို့ထွက်များ၌ ကျန်းမာရေး စစ်ဆေး
မင်းလှမြို့တွင် မြို့ဝင်/မြို့ထွက်များ၌ (၁၄ .၄.၂၀၂၀) ရက်နေ့မှ စတင်၍ ဌာနဆိုင်များ/ရပ်ကွက်အုပ်မှူးများဖြင့် နေ့စဉ် (၂၄)နာရီ ကိုယ်အပူချိန်တိုင်းခြင်း ကိုယ်ရေးအချက်လက်များ ရယူခြင်းများကို စတင်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး.မဖြစ်မနေ အိမ်မှထွက်လာကြသူများအနေဖြင့် Mask များ တပ်လာမှသာ စစ်ဆေးရေးဂိတ်များမှ အချက်အလက်များ ရယူ၍ ဖြတ်သန်းသွားလာခွင့်ပြုမှာ ဖြစ်ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ဂန့်ဂေါမြို့နယ် လေယာဥ်ကွင်း ယာယီဈေး နှစ်ဆန်းတစ်ရက်နေ့ (၁၇.၄.၂၀၂၀) ရောင်းချနေမှု မှတ်တမ်း
ဂန့်ဂေါမြို့နယ် လေယာဥ်ကွင်း ယာယီဈေး နှစ်ဆန်းတစ်ရက်နေ့ (၁၇.၄.၂၀၂၀) ရောင်းချနေမှု မှတ်တမ်း
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ပေါက်မြို့ ယာယီပျံကျစျေးဖွင့်လှစ်နိုင်ရေးအတွက် စီစဥ် ဆောင်ရွက်
ပေါက်မြို့ ယာယီပျံကျစျေးဖွင့်လှစ်နိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ကြီးကြပ်မှုဖြင့် ထွေ/အုပ်ဝန်ထမ်းများ စည်ပင်အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများဖြင့် ၁၇.၄.၂၀၂၀ ရက်နေ့တွင် နေရာများ စနစ်တကျ စီစဥ် ဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ဂန့်ဂေါမြို့နယ် လေယာဥ်ကွင်းတွင် ယာယီစျေး ဖွင့်လှစ်ရောင်းချ
ဂန့်ဂေါမြို့နယ်လေယာဥ်ကွင်းတွင်ယာယီစျေးဖွင့်လှစ်ရောင်းချနေမှုအားတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအောင်ဆန်းဝင်းမြို့နယ်အုပ်ချုပ်ရေးမှူးဦးမောင်မောင်အေးစျေးကြီးကြပ်ရေးကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များမှ စျေးရောင်းသူနှင့်ဝယ်သူများသတ်မှတ်စည်းကမ်းလိုက်နာရေးMaskများတပ်ဆင်ဝယ်ယူ/ရောင်းချရေးတို့ကိုကြီးကြပ်ဆောင်ရွက်ပေးခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ရေနံချောင်းမြို့နယ် ယာယီဈေးဖြစ်သည့် ရွှေဘုံသာအားကစားကွင်းအဝင်ဂိတ်တွင် ကျန်းမာရေးစစ်ဆေးမှုပြုလုပ်
ရေနံချောင်းမြို့နယ်တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လူစုလူဝေးမဖြစ်ပေါ်စေရေး လွှတ်တော်ကိုယ်စားလှယ်များ၊COVID-19 လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊စည်ပင်သာယာရေးအဖွဲ့များမှ မြို့မစျေးနှင့်ရတနာစျေးရှိ ပျံကျစျေးသည်များအား သစ်တပွေရပ်ကွက် ရွှေဘုံသာအားကစားကွင်း၌ ယာယီဖွင့်လှစ် ရောင်းချစေရေးဆောင်ရွက်လျက်ရှိရာ ပျံကျစျေးရောင်းချသူများအား (၆)ပေအကွာတွင် အကွက်ရိုက်၍ ရောင်းချစေခြင်း၊ MASK နှင့်လက်အိတ်များတပ်၍ရောင်းချစေခြင်း ၊စျေးဝယ်သူများကိုလည်း MASKများအသုံးပြုစေရေး ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါပျံကျစျေးအား (၁၆.၄.၂၀၂၀)ရက်မှစတင်၍ နံနက်(၀၄၀၀)အချိန်မှ(၀၉၀၀) အချိန်ထိ ရောင်းချလျက်ရှိပြီး စျေးဝယ်သူများနှင့်စျေးသည်များအား အားကစားကွင်းအဝင်ဂိတ်တွင် ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ဂန့်ဂေါမြို့နယ်အတွင်းရှိ၊သာသနာ့ဗိမ္မာန်လမ်းဆုံ၊ရထားသံလမ်းကူးဂိတ်၊ကံကော်ရိပ်သာလမ်းဆုံ၊မြစ်သာမြစ်ကူးတံတား၊ဗိုလ်ချုပ်လမ်းနှင့်ကံကော်ရိပ်သာလမ်းထောင့်များတွင် covid19 ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့်Mask များ(အခမဲ့)ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်
ဂန့်ဂေါမြို့နယ်အတွင်းရှိ၊သာသနာ့ဗိမ္မာန်လမ်းဆုံ၊ရထားသံလမ်းကူးဂိတ်၊ကံကော်ရိပ်သာလမ်းဆုံ၊မြစ်သာမြစ်ကူးတံတား၊ဗိုလ်ချုပ်လမ်းနှင့်ကံကော်ရိပ်သာလမ်းထောင့်များတွင် covid19 ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့်Mask များ(အခမဲ့)ဖြန့်ဝေခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှုးနှင့်အဖွဲ့၊မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့၊မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူးနှင့်အဖွဲ့၊မြို့မိမြို့ဖများ ပူးပေါင်း၍ ၁၅.၄.၂၀၂၀ ရက်နေ့တွင် ကျန်းမာရေးအသိပညာပေးခြင်းနှင့်Mask များအခမဲ့ ပေးဝေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
မင်းလှမြို့နယ်အတွင်းရှိ ပြည်သူများ COVID-19ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ဆောင်ရွက်
မင်းလှမြို့နယ်အတွင်းရှိပြည်သူများCOVID-19ရောဂါကြိုတင်ကာကွယ်၊ထိန်းချုပ်နိုင်ရေးအတွက်(၁၅-၄-၂၀၂၀)ရက်နေ့နံနက်(၈)နာရီခွဲကမင်းလှမြို့နယ်Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ကမြို့ပေါ်ရပ်ကွက်များတွင်အသိပညာပေးနှိုးဆော်ဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
သရက်မြို့နယ်အတွင်း သွားလာနေသော ပြည်သူများအနေဖြင့် MASK တပ်ဆင်၍ သွားလာကြစေရန် Mobile စနစ်သုံးကာ ပြည်သူများလိုက်နာစေရေး အသိပေးဆောင်ရွက်ခဲ့
သရက်မြို့နယ်အတွင်း သွားလာနေသော ပြည်သူများအနေဖြင့် MASK တပ်ဆင်၍ သွားလာကြစေရန် စစ်ဆေးရေးအဖွဲ့(၁)၊ စစ်ဆေးရေးအဖွဲ့ (၂)၊ စစ်ဆေးရေးအဖွဲ့ (၃)၊စုစုပေါင်း အဖွဲ့ (၃) ဖွဲ့ ဖြင့် Mobile စနစ်သုံးကာ ပြည်သူများလိုက်နာစေရေး အသိပေးဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
သရက်မြို့နယ်တွင် COVID-19 ထိန်းချုပ်ကာကွယ်ခြင်းနှင့်ပတ်သက်၍ ပြန့်ပွားမှုမရှိစေရန် MASKနှင့်လက်ကမ်းစာစောင်များ အသိပညာပေးဖြန့်ဝေပေးမှု မှတ်တမ်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကံမြင့်၊ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးယုမော်၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်နှင့် သရက်မြို့နယ်အဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များမှCOVID-19 ထိန်းချုပ်ကာကွယ်ခြင်းနှင့်ပတ်သက်၍ ပြန့်ပွားမှုမရှိစေရန် အထက(၁)ကျောင်းရှေ့တွင်(MASK) နှင့်လက်ကမ်းစာစောင်များ အသိပညာပေးဖြန့်ဝေပေးမှု မှတ်တမ်း
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
တောင်တွင်းကြီးမြို့နယ် အတွင်းရှိ အခြေခံလူတန်းစားများအတွက် စားသောက်ကုန် ၅မျိုး ဖြန့်ဝေပေးမှု မှတ်တမ်း
မကွေးတိုင်းဒေသကြီး ၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ပုံမှန်၀င်ငွေမရှိသောအခြေခံလူတန်းစားများအတွက် စားသောက်ကုန်ငါးမျိုးထုတ်ပေးမှုကို ဧပြီ(၁၁)ရက်မှ စ၍ သက်ဆိုင်ရာတိုက်နယ်များအလိုက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးဦးဆောင်သောအဖွဲ့များအား လူစုလူဝေးတက်နိုင်သမျှနည်းစေရန်အတွက် စနစ်တကျ ထုတ်ပေးခဲ့ကြပါသည် ။ တောင်တွင်းကြီးမြို့နယ်တွင် ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား လက်လုပ်လက်စား ၀င်ငွေနည်း မိသားစု(၁၇၉၉၄)စုရှိပြီး သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများအလိုက်လူစုလူဝေးမဖြစ်စေရန်အတွက် ပရဟိတလူငယ်များ၏အကူအညီဖြင့် အိမ်တိုင်ရာရောက် လိုက်လံပေးဝေလျက်ရှိပြီး ၁၃-၄-၂၀၂၀ရက်နေ့၊ နံနက်(၉)နာရီအချိန်မှ စတင်ကာ အဆိုပါပစ္စည်းငါးမျိုး ထောက်ပံ့ပေးဝေနေသည့်ရွှေကြာအင်း(၁)ရပ်ကွက်၊ ရွှေကြာအင်း(၂)ရပ်ကွက်၊ ရွှေအိုး(၁)ရပ်ကွက်၊ ရွှေအိုး(၂)ရပ်ကွက်များသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦး၀င်းမြင့်လှိုင်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးနှင့် အခြေခံစားကုန်များဖြန့်ဝေရေး ကြီးကြပ်မှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်နှင့် ကော်မတီ၀င်များက ပြည်သူများထံ ကိုယ်တိုင်လက်ရောက် ပေးအပ်ခဲ့ပါသည်။
Read More »