မန္တလေး
-
အခြား/ဌာနဆိုင်ရာ
-
ကိုရိုနာ ဗိုင်းရပ်စ်
မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၌ COVlD 19 ကူးစက်ရောဂါကာကွယ်ရေးအဖြစ် ပိုးသတ်ဆေးဖျန်း
၂၀၂၀ပြည့်နှစ်၊ မေလ ၂၃ရက်နေ့ ၀၈၀၀နာရီမှ ၀၉၃၀ နာရီအချိန်ထိ အောင်မြေ သာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အကွက်အမှတ်(ခ/၄၁ ၆)ရှိ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး၌ COVlD 19 ကူးစက်ရောဂါထိန်းချုပ်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန် ကြားရေးမှူး ဦးသန်းဇော်ဦး၊ မန္တလေးခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြင့်ခိုင်နှင့် သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များစုစုပေါင်း (၈၀)ဦးတို့ပူးပေါင်း၍ ပိုးသတ်ဆေးဖျန်းမီးသတ်မော်တော် ယာဉ်(၃)စီး၊ ဆေးဖျန်းသုံးယာဉ်(၁)စီးတို့ဖြင့် လွှတ်တော်ရုံး အတွင်း/အပြင်များကို ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
အောင်မြေသာစံမြို့နယ် ၊ ကြံခင်းရွာအဝင်နှင့်မြို့ပတ်လမ်းဆုံ၌ ကုန်စည်ကားများနှင့် ဝင်ရောက်လာသည့်ခရီးသွားပြည်သူများ၏ အချက်အလက်များ ကောက်ယူ
၁၈-၅-၂၀၂၀ရက်နေ့တွင် အောင်မြေသာစံမြို့နယ်၊ ကြံခင်းရွာအဝင်နှင့်မြို့ပတ်လမ်း လမ်းဆုံ၌ ပိတ်ဆို့ မြို့နယ်ထွေအုပ်မှဒုဦးစီးဦးအောင်ဇော်ဟိန်းပါ(၂)ဦး၊ မြို့နယ်လဝကမှ ဒုလဝကမှူး ဒေါ်နန်းနွယ်ခိုင်၊ယာဥ်ထိန်းမှ တပ်ကြပ် မိုးဝင်းအောင်ပါ(၂)ဦး၊ ရဲတပ်ဖွဲ့မှဒုရဲအုပ် တင်ဇော်လင်းပါ(၆)ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရန်ကင်းပါ(၃) ဦးတို့ပါဝင်သည့်ပူးပေါင်းအဖွဲ့ဖြင့် မန္တလေးတိုင်းအတွင်းသို့ လေကြောင်း၊ ကုန်းကြောင်းမှ ဝင်ရောက်လာသည့်ခရီးသည်များ၏ ကိုယ်ရေးအချက်အလက်ကောက်ယူခြင်းနှင့် ကုန်စည်သယ်ဆောင်လာသည့် ကားများစစ်ဆေးခြင်း၊ ယာဉ်ပေါ်ပါခရီးသည်များအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေအပြင်ထွက်ပါက mask များတပ်ဆင်ပြီး အိမ်ထောင်ဦးစီးတစ်ဦးတည်းသာ သွားလာကြရန်နှင့် အလှည့်ကျစိစစ်ခြင်းကိုဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာတွင် ပျံကျစျေးပြောင်းရွှေ့ဖွင့်လှစ်ထားမှုနှင့် ဘုရားစျေးဆောင်ရွက်ထားရှိမှု
(၁၇.၅.၂၀၂၀)ရက်နေ့ (၀၇၂၅)နာရီအချိန်တွင် မြင်းခြံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင် သည် တိုင်း(၁)လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာတွင် ပျံကျစျေးပြောင်းရွှေ့ဖွင့်လှစ်ထားမှုနှင့် ဘုရားစျေးဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပြီး Mask(၁၀၀)နှင့် Hand Gel 500ml (၂)ဗူး ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
မြင်းခြံမြို့နယ် ဆီမီးခုံမြို့၊ (အထက)တွင် ဖွင့်လှစ်ထားရှိသော Community Base Facility Quarantine center အား စစ်ဆေး
(၁၂.၅.၂၀၂၀)ရက်နေ့ (၁၁၄၅)နာရီအချိန်တွင် မြင်းခြံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင် သည် စည်ပင်၊ လမ်းဦးစီး၊ ကျေးလက်လမ်း၊ ပြည်သူ့ကျန်းမာတို့နှင့်အတူ ဆီမီးခုံမြို့၊ (အထက)တွင် ဖွင့်လှစ်ထားရှိသော Community Base Facility Quarantine center ၌ ကျား(၁၂)ဦးနှင့် မ(၁၃)ဦး၊ စုစုပေါင်း(၂၅)ဦးထားရှိမှုအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာအုပ်စု၊ လက်ပန်လှကျေးရွာ၊ မန္တလေး-မိုးကုတ်ကားလမ်းနေရာ၌ Maskတပ်ဆင်လာခြင်းမရှိသူများအား အသိပညာပေး ဆောင်ရွက်
၁၄- ၅ -၂၀၂၀ရက်နေ့၊ ၀၉၀၀နာရီအချိန်တွင် စဉ့်ကူးမြို့နယ်COVID-19ကော်မတီဥက္ကဌ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်ဦးဆောင်၍ စဉ့်ကူးမြို့နယ်၊လက်ပန်လှကျေးရွာအုပ်စု၊လက်ပန်လှကျေးရွာ၊ မန္တလေး-မိုးကုတ်ကားလမ်းနေရာ၌ Maskတပ်ဆင်လာခြင်းမရှိသူများအား ၉-၅-၂၀၂၀ရက်နေ့မှ ၁၅-၅-၂၀၂၀ ရက်နေ့အထိပညာပေးကာလအတွင်း Mask2ခုလျှင် ၁၀၀၀ကျပ်ဖြင့်လည်းကောင်း ၁၅-၅ -၂၀၂၀ရက်နေ့နောက်ပိုင်းတွင် Mask2ခုလျှင် ၅၀၀၀ကျပ်ဖြင့်လည်းကောင်း ဝယ်ယူတပ်ဆင်စေရေး ကွင်းဆင်းပညာပေးဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
မြင်းခြံမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စု၊ မြောက်ကျွန်းကျေးရွာတွင် မန္တလေးမြို့နေ ဦးမန်းစိန်+ဒေါ်မာလာ (သား) မောင်ဝေလင်းထိုက် (လင်းထိုက်မြန်မာ ကုမ္ပဏီ)မှ အိမ်ထောင်စု(၃၆၀)အား (၁)အိမ်ထောင်စုလျှင် ဆန်(၁)အိတ်နှင့် ဆီ(၅)ပိဿာ နှုန်းဖြင့် ထောက်ပံ့
(၁၂.၅.၂၀၂၀)ရက်နေ့ (၁၆၀၀)နာရီအချိန်တွင် မြင်းခြံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင် သည် မြင်းခြံမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စု၊ မြောက်ကျွန်းကျေးရွာတွင် မန္တလေးမြို့နေ ဦးမန်းစိန်+ဒေါ်မာလာ (သား) မောင်ဝေလင်းထိုက် (လင်းထိုက်မြန်မာ ကုမ္ပဏီ)မှ အိမ်ထောင်စု(၃၆၀)အား (၁)အိမ်ထောင်စုလျှင် ဆန်(၁)အိတ်နှင့် ဆီ(၅)ပိဿာ နှုန်းဖြင့် ထောက်ပံ့မှုအား တက်ရောက်ချီးမြှင့်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
အောင်မြေသာစံမြို့နယ် အတွင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ ပြည်သူများသို့ အသိပေးကြေညာချက်ပါအတိုင်း ၁၂.၅.၂၀၂၀ရက်နေ့ ၁၀၀၀နာရီအချိန်တွင် mask တပ်ဆင်မှု မပြုဘဲ နေအိမ် ပြင်ပထွက်လာသောပြည်သူများအား mask ၂ခု ငွေ၁၀၀၀ကျပ်ဖြင့် ဝယ်ယူတပ်ဆင်စေ
အောင်မြေသာစံမြို့နယ် အတွင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ ပြည်သူများသို့ အသိပေးကြေညာချက်ပါအတိုင်း ၁၂.၅.၂၀၂၀ရက်နေ့ ၁၀၀၀နာရီအချိန်တွင် mask တပ်ဆင်မှု မပြုဘဲ နေအိမ် ပြင်ပထွက်လာသောပြည်သူများအား mask ၂ခု ငွေ၁၀၀၀ကျပ်ဖြင့် ဝယ်ယူတပ်ဆင်စေခြင်း အစီအစဥ်ကို ရပ်ကွက်များရှိလမ်းသွားလမ်းလာများသောနေရာတို့တွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ငါန်းဇွန်မြို့မဈေး၌ Coronavirus Disease 2019(COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက််် mask campaign ပြုလုပ်
၁၂-၅-၂၀၂၀ရက်နေ့၊ ငါန်းဇွန်မြို့မဈေး၌ Coronavirus Disease 2019(COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ၀၉၀၀ နာရီအချိန် တွင် မြင်းခြံခရိုင် လူငယ်ရေးရာကော်မတီအဖွဲ့ အတွင်းရေးမှူး ဦးချစ်မိုးဦးနှင့်အဖွဲ့ဝင်များ၊ ပန်းပျိုးလက် ပရဟိတအသင်း (မြင်းခြံ)မှ မောင်သစ်ထူးအောင်ပါ(၈)ဦး ၊ မြင်းခြံခရိုင် အမျိုးသမီးကော်မတီ အဖွဲ့ဝင် ဒေါ်ခင်သန္တာ၊ we are family (မြင်းခြံ) အတွင်းရေးမှူး မောင်ထူးမြတ်၊ အလင်းသစ်လူငယ်(ငါန်းဇွန်) မှ (၈)ဦး တို့မှ ပူးပေါင်း၍ Surgical mask (၂၅၀)၊ လျှော်ဖွတ် အသုံးပြုနိုင်သော အဝတ် mask(၁၅၀)၊ ငါန်းဇွန်မြို့နယ်မှ Surgical mask (၁၀၀)၊ လျှော်ဖွတ် အသုံးပြုနိုင်သော အဝတ် mask(၁၀၀) စုစုပေါင်း mask (၆၀၀) တို့ကို ဈေးရောင်း ၊ ဈေးဝယ်များအား mask campaign ပြုလုပ် ခဲ့ကြရာ…
Read More »