မန္တလေး
-
ကိုရိုနာ ဗိုင်းရပ်စ်
ပုဂံမြို့ဝင် /မြို့ထွက်စစ်ဆေးရေးဂိတ်များအား စနစ်တကျရှိစေရေး ၊ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်စေရေး စစ်ဆေး
၂၅.၄.၂၀၂၀ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင်ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း ဦးဆောင်သောအဖွဲ့ မှ ပုဂံ-ချောက်ဆက်သွယ်ရေးကားလမ်းမတွင် ဖွင့်လှစ်ထားရှိသည့် ပုဂံမြို့ဝင် /မြို့ထွက်စစ်ဆေးရေးဂိတ်များအား စနစ်တကျရှိစေရေး ၊ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်စေရေး ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ပြီး စစ်ဆေးရေးဂိတ်တွင်လိုအပ်လျက်ရှိသည့် Maskများထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
နည်းပညာကောလိပ်(မြင်းခြံ) တွင် (၅၀)ဦးဆံ့ Facility Quarantine ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်
(၂၅.၄.၂၀၂၀)ရက်နေ့ (၁၁၃၀)နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင် သည် နည်းပညာကောလိပ်(မြင်းခြံ) တွင် ပြည်သူ/အမျိုးသား/တိုင်းလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့ကျန်းမာတို့နှင့်အတူ ကျောင်းသူ(၁၀၀)ဦးဆံ့ အိပ်ဆောင်တွင် (၅၀)ဦးဆံ့ Facility Quarantine ဖွင့်လှစ်နိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှု့ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
တံတားဦးမြို့နယ် COVID- 19ရောဂါထိန်း/တုံ့ ဥက္ကဌ (မြို့နယ်အုပ်ချုပ်ရေးမှူး)ဦးလှဝင်းအောင်သည် ဈေးချိုကျေးရွာများမှ ဒေသထွက်ကုန်လုပ်ငန်းဖြစ်သည့် သရက်ချဉ် လုပ်ငန်းအလုပ်ရုံများသို့ သွားရောက်၍ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ စစ်ဆေး
၂၅-၄-၂၀၂၀ ရက်နေ့ ၁ဝ၀၀ချိန်မှ ၁၂ဝ၀ချိန်ထိ တံတားဦးမြို့နယ် COVID- 19ရောဂါထိန်း/တုံ့ ဥက္ကဌ (မြို့နယ်အုပ်ချုပ်ရေးမှူး)ဦးလှဝင်းအောင်သည် ဈေးချိုကျေးရွာများမှ ဒေသထွက်ကုန်လုပ်ငန်းဖြစ်သည့် သရက်ချဉ် လုပ်ငန်းအလုပ်ရုံများသို့ သွားရောက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ အမိန့်များ၊ဒေသန္တရအမိန့်နှင့် MOHS ၏ စက်ရုံ၊အလုပ်ရုံများ၊လုပ်ငန်းခွင်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့လမ်းညွှန်ချက်(Version 3.0)နှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ကျေးရွာစောင့်ကြည့်ရေးအဖွဲ့များ ကျန်းမာရေးဌာနဝန်ထမ်းများနှင့် အတူ စစ်ဆေး၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
စဉ့်ကူးမြို့နယ် အတွင်း နယ်စပ်ဝင်ပေါက်များမှ ပြန်လည်ဝင်ရောက်လာမည့် နိုင်ငံသားများလက်ခံထားရှိမည့် community base facility quarantine center များအား မြို့နယ်covid-19 ကော်မတီမှကွင်းဆင်းစစ်ဆေး
၂၅-၄-၂၀၂၀ ရက်နေ့ ၀၈၃၀နာရီ အချိန် စဉ့်ကူးမြို့နယ် အတွင်း နယ်စပ်ဝင်ပေါက်များမှ ပြန်လည်ဝင်ရောက်လာမည့် နိုင်ငံသားများလက်ခံထားရှိမည့် community base facility quarantine center များအား မြို့နယ်covid-19 ကော်မတီမှကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ငါန်းဇွန်မြို့မဈေးရှိ ပျံကျဈေးသည်များ ၊ ဈေးဝယ်လာရောက်သည့်သူများအား home made mask (၄၀၀)ခု ဝေငှ
ငါန်းဇွန် ၊ ၂၀၂၀ ၊ ဧပြီ ၂၅ ငါန်းဇွန်မြို့နယ်တွင် ဌာနဆိုင်ရာ ၊ အဖွဲ့အစည်းအသီးသီးထံသို့ လာရောက်လှူဒါန်းသည့် လျှော်ဖွတ်အသုံးပြုနိုင်သည့် hand made mask များကို ၀၇၀၀ အချိန်တွင် ငါန်းဇွန်မြို့မဈေးရှိ ပျံကျဈေးသည်များ ၊ ဈေးဝယ်လာရောက်သည့်သူများအား ပြည်သူ့လွှတ်တော် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ မြို့နယ်စည်ပင် ၊ စည်ပင်ကော်မတီဝင်များ၊ volunteer များပူးပေါင်း၍mask campaign အဖြစ် (၄၀၀)ခုကို ဝေငှပေးခဲ့ကြပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ကျောက်ပန်းတောင်းမြို့နယ် တောင်ဦးစျေးအတွင်း ရောင်းဝယ်နေကြသော ပျံကျစျေးသည်များ စနစ်တကျရောင်းချသွားနိုင်ရန် စီစဥ်ဆောင်ရွက်
၂၄-၄-၂၀၂၀ ရက်နေ့ ကျောက်ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏လမ်းညွှန်မှု၊မြို့နယ် စည်ပင်သာယာကော်မတီ၏ကြီးကြပ်မှု ဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကူးစက်ရောဂါပြန့်ပွားမှုမရှိစေရေးနှင့် လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် တောင်ဦးစျေးအတွင်းရောင်းဝယ်နေကြသော ပျံကျစျေးသည်များ စနစ်တကျရောင်းချသွားနိုင်ရန် တောင်ဦး အားကစားကွင်းတွင် စနစ်တကျလာရောက်ရောင်းချနိုင်ရေး ကွင်းဆင်းစီစဥ်ဆောင်ပေးလျက်ရှိပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ပျံကျဈေးရွှေ့ပြောင်းထားရှိမည့် တံတားဦးမြို့ မြမာလာဦးပန်းခြံနောက်ဘက်အပိုင်းပြင်ဆင်ဆောင်ရွက်
၂၄-၄-၂၀၂၀ ရက်နေ့ နံနက် ၀၉၃၀ချိန်မှ ၁၀၄၅ ချိန်ထိ တံတားဦးမြို့နယ် COVID 19ရောဂါထိန်း/တုံ့ ဥက္ကဌ (မြို့နယ်အုပ်ချုပ်ရေးမှူး)ဦးလှဝင်းအောင်သည် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏအောင်၊ မြို့နယ်စည်/ ကော်ဥက္ကဌ ဦးစန်းယုမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအင်ဂျင်နီယာနှင့် အဖွဲ့ဝင်များနှင့်အတူ ပျံကျဈေးရွှေ့ပြောင်းထားရှိမည့် တံတားဦးမြို့ မြမာလာဦးပန်းခြံနောက်ဘက်အပိုင်းပြင်ဆင်ဆောင်ရွက်မှုအား ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်းတင်ပြအပ်ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
မတ္တရာမြို့နယ် covid-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် လူနာအမှတ်( ၁၃၂)၏ နေအိမ်အား ပိုးသတ်ဆေးဖျန်း
(၂၄-၄-၂၀၂၀)ရက်နေ့ ၁၃၀၀ ချိန်တွင် မတ္တရာမြို့နယ်ရှိ လူနာအမှတ်(၁၃၂) အား မန္တလေးဆေးရုံကြီးသို့ သွားရောက်စဉ်ပွေ့ချီ၍ မော်တော်ယာဉ်ပေါ် တင်ဆောင်ပေးခဲ့သည့် ဆရာတော် ဥူးကေသရိန္ဒ၏ မတ္တရာမြို့၊ အမှတ်_၂ ရပ်ကွက် သာမဏေကျော်ကျောင်းတိုက်နှင့် လူနာ၏ နေအိမ်ဝန်းတို့အား မတ္တရာမြို့နယ် covid-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပိုးသတ်ဆေးဖျန်းခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ကျောက်ပန်းတောင်းမြို့နယ် တမ္ပဝတီစျေးသစ်ကြီးတွင် ပျံကျစျေးသည် များစနစ်တကျရောင်းချသွားနိုင်ရန် စီစဉ်ဆောင်ရွက်
၂၄-၄-၂၀၂၀ ရက်နေ့၊ ကျောက်ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏လမ်းညွှန်မှု၊မြို့နယ် စည်ပင်သာယာကော်မတီ၏ ကြီးကြပ်မှု ဖြင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကူးစက်ရောဂါပြန့်ပွားမှုမရှိစေရေးနှင့် လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် တမ္ပ ဝတီစျေးသစ်ကြီးတွင် ပျံကျစျေးသည် များစနစ်တကျရောင်းချသွားနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားသည့်အပြင် ပျံ ကျစျေးသည်များ အရိပ်ရစေရန်အတွက် COVID-19 VOLUNTEER(KPG)အဖွဲ့ ကထီးကြီး(၁၀)လက်နှင့် Mytel Business Centre မှ ထီးကြီးအလက်(၈၀)ကိုလည်းလှူဒါန်းခဲ့ကြသဖြင့် ယခုအခါ ပျံကျစျေးသည်ပေါင်း ၃၀၀ ဦးခန့် လာရောက်ရောင်းချလျက်ရှိပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ကျောက်ပန်းတောင်း မြို့အဝင် /အထွက်တိုးဂိတ်များနှင့် မြို့ဦး အောင်စေတီဘုရားကြီးတို့တွင် ပိုးသတ်ဆေးများပက်ဖျန်း
၂၃-၄-၂၀၂၀ ရက်နေ့ ကျောက်ပန်းတောင်းမြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ကြီးကြပ်မှုဖြင့် နယ်မြေခံတပ်နယ်တပ်ဖွဲ့ဝင်များ၊မြို့နယ်မီး သတ်ဦးစီးဌာနဝန်ထမ်းများပူးပေါင်း၍ မြို့အဝင် အထွက်တိုးဂိတ်များနှင့်မြို့ဦး အောင်စေတီဘုရားကြီးတို့တွင် ယနေ့နံနက်ပိုင်းက ပိုးသတ်ဆေးများပက်ဖျန်းပေးခဲ့ပါသည်။
Read More »