စစ်ကိုင်း
-
အခြား/ဌာနဆိုင်ရာ
နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများကို ငွေကြေးထောက်ပံ့ရာတွင် အမှန်တကယ် ရသင့်ရထိုက်သည့် အိမ်ထောင်စုများအနေဖြင့် သတ်မှတ်ထောက်ပံ့ငွေအတိုင်း မရရှိပါက ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ ဆက်သွယ်တိုင်ကြားနိုင်ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ကသာမြို့နယ် စည်ပင်သာယာစျေးအတွင်း Mask တပ်ဆင်မှု မရှိဘဲ စျေးရောင်း၊ စျေးဝယ် ပြုလုပ်ခြင်းအား လိုက်လံစစ်ဆေး
၂၃-၅-၂၀၂၀ရက်နေ့တွင် ကသာမြို့နယ်အတွင်း COVID-19 ကူးစက်မြန်ရောဂါအား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့်နေအိမ်ပြင်ပသို့ အကြောင်းအမျိုးမျိုးကြောင့် သွားလာရာတွင် ပါးစပ်/ နှာခေါင်းစည်oး(Mask)တပ်ဆင်မှုမရှိဘဲသွားလာခြင်း၊ စည်ပင်သာယာစျေးအတွင်း Mask တပ်ဆင်မှု မရှိဘဲ စျေးရောင်း၊ စျေးဝယ် ပြုလုပ်ခြင်းတို့အား လိုက်လံစစ်ဆေးခဲ့ကြပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
လေရှီးမြို့နယ်တွင် ပြည်သူများ အပြင်ထွက်လျှင် maskတပ်ဆင်ရန် အသိပညာပေး
(23.5.2020)ရက်နေ့တွင် လေရှီးမြို့နယ်တွင် COVID -19ရောဂါကြိုတင် ကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ နှာခေါင်းစည်း Mask တပ်ဆင်အသုံးပြုရန် ပြည်သူအများသိရှိ လိုက်နာဆောင်ရွက်စေရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ဘုတလင်မြို့နယ်အတွင်း (22.5.2020)ရက်နေ့မှစ၍ အပြင်ထွက်တိုင်း Mask တပ်ဆင်ခြင်းမရှိသူများအား မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရပ်ကွက်/ကျေးရွာများတွင် ပြည်သူများသိရှိစေရေး အသံချဲ့စက်ဖြင့်ကြေညာ
(20.5.2020)ရက်နေ့ ဘုတလင်မြို့နယ်အတွင်း အပြင်ထွက်တိုင်း Mask တပ်ဆင်ပြီးသွားလာကြရန် (20.5.2020)ရက်နေ့နှင့် (21.5.2020)ရက်နေ့များတွင် ပညာပေးကာလအဖြစ်သတ်မှတ်ပြီး (22.5.2020)ရက်နေ့မှစ၍ အပြင်ထွက်တိုင်း Mask တပ်ဆင်ခြင်းမရှိသူများအား မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရပ်ကွက်/ကျေးရွာများတွင် ပြည်သူများသိရှိစေရေး အသံချဲ့စက်ဖြင့်ကြေညာနေမှု မှတ်တမ်း
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ဖောင်းပြင်မြို့နယ် ကျွန်းရွှေဝါရပ်ကွက် ဖောင်တော်ဦးဆုတောင်းပြည့်အထက်ပိုင်းဘုန်းတော်ကြီးကျောင်း မြို့နယ်သံဃနာယကအဖွဲရုံးဝန်းအတွင်းနေရာများနှင့် အင်ကြင်းမြိုင်ရပ်ကွက် သာသနသဟာရအောက်ပိုင်းဘုန်းတော်ကြီးကျောင်းဝန်းအတွင်းနေရာများအား COVID-19ရောဂါကာကွယ်ရေးအတွက် ဆေးဖျန်း
၁၇-၅-၂၀၂ဝရက်နေ့၊ ၀၇၃၀နာရီအချိန်တွင် ဖောင်းပြင်မြို့နယ်အုပ်ချုပ်ရေးမှူးဦးခင်မောင်မြင့်သည် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်ထွန်း မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ လူမှုရေးအသင်းများနှင့်အတူ ကျွန်းရွှေဝါရပ်ကွက် ဖောင်တော်ဦးဆုတောင်းပြည့်အထက်ပိုင်းဘုန်းတော်ကြီးကျောင်း မြို့နယ်သံဃနာယကအဖွဲရုံးဝန်းအတွင်းနေရာများနှင့် အင်ကြင်းမြိုင်ရပ်ကွက် သာသနသဟာရအောက်ပိုင်းဘုန်းတော်ကြီးကျောင်းဝန်းအတွင်းနေရာများအား COVID-19ရောဂါကာကွယ်ရေးအတွက် ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
Read More »